၃၁. ၁၂. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါးသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း ဗီယက်နမ်အခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ပိတ်မိနေသည့် ရာနှင့်ချီသော ဗီယက်နမ်နိုင်ငံသားများသည် ဒီဇင်ဘာ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လာခဲ့ပြီးနောက်ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါး မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသော ဗီယက်နမ်နိုင်ငံသားများအနက်မှ ဒီဇင်ဘာလအစောပိုင်းတည်းက လက်ရှိအချိန်အထိ မိခင်နိုင်ငံသို့ ပြန်လာနိုင်ခဲ့သော ဗီယက်နမ်နိုင်ငံသား အရေအတွက် အနည်းဆုံး ၁၄၀၀ နီးပါးရှိလာခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၄၀၀ နီးပါးကို မိခင်နိုင်ငံသို့ ဘေးကင်းစွာဖြင် ပြန်လည်ခေါ်ယူရန်အတွက် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးအပြင် ဒေသအတွင်းရှိ ဗီယက်နမ်သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

ဗီယက်နမ်အစိုးရသည် ဗီယက်နမ်နိုင်ငံသားများနှင့်အတူ မြန်မာနိုင်ငံမြောက်ပိုင်းတွင်ပိတ်မိနေသည့် နီပေါနိုင်ငံသားများကိုလည်း မိခင်နိုင်ငံသို့ပြန်နိုင်ရန် ကူညီပေးခဲ့ကြောင်း သိရသည်။

Ref vietnam news

Leave a Reply

Your email address will not be published. Required fields are marked *

Related News