၃၀. ၁၂. ၂၀၂၃
Written by Thandar

မကြာခင်မှာ ၂၀၂၃ ခုနှစ် နှစ်ဟောင်းကုန်လို့ ၂၀၂၄ ခုနှစ်ကို ကူးပြောင်းတော့မယ့် နှစ်သစ်အတွက် အနုပညာရှင်တွေရဲ့ New Year နှစ်သစ်ဆုတောင်းစကားသံတချို့ကို MT News Entertainment ကတစ်ဆင့် ဖော်ပြလိုက်ရပါတယ် –

ထက်အောင်ရှိုင်း

ပရိသတ်တွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ၂၀၂၄ ခုနှစ်မှာ အောင်မြင်ခြင်း ပျော်ရွှင်ခြင်း ကျန်းမာခြင်း အသစ်တွေနဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

ဟဲလေး

နှစ်သစ်မှာ အားလုံးပဲ ကျန်းမာကြပါစေ။ စိတ်ချမ်းသာကြပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေ။ အစစအရာရာ အဆင်ပြေပါစေလို့ တောင်းဆုပြုပါတယ်။

စစ်ပိုင်ထက်

ကျွန်တော့် Fan တွေ ချစ်ရတဲ့သူတွေ အားလုံးအားလုံး ၂၀၂၃ ခုနှစ်မှာ စိတ်ညစ်စရာ ခံစားချက်လေးတွေရှိခဲ့တယ်ဆိုရင် ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၄ ခုနှစ်မှာ အကုန်လုံးပိုပြီး ကြိုးစားမယ်။ ၂၀၂၄ ခုနှစ်မှာ ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးချင်ပါတယ်။

ချမ်းမင်းရဲထွဋ်

လာမယ့် ၂၀၂၄ မှာလည်း စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံကြပါစေ။ အကြံအစည်တိုင်းလည်း အောင်မြင်ကြပါစေ။ ကောင်းမှု ကုသိုလ်တွေလည်းအများကြီး လုပ်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ခန့်ကျော်

မကြာခင်မှာ နှစ်သစ်မှာ ကူးပြောင်းတော့မယ်ဆိုတော့ ဒီနှစ်လုပ်ခဲ့တဲ့အလုပ်တွေရော ကြံစည်ထားတဲ့လုပ်ငန်းတွေရော အားလုံး အောင်မြင်ကြပါစေ။ ကိုယ့်ဝမ်းစာအတွက် အဆင်မပြေလို့ စိတ်ဖိစီးမှုတွေ ရှိနေရင်လည်း နှစ်ဟောင်းမှာ ထားခဲ့ပြီးတော့ လာမယ့် နှစ်သစ်မှာ အရာရာ အဆင်ပြေကြပါစေ။ အခက်အခဲတွေကျော်လွှားနိုင်ကြပါစေ။

စင်ဒီမြတ်

၂၀၂၃ ခုနစ်ကလည်း ကုန်ဆုံးတော့မယ်ဆိုတော့ နောက်လာမယ့်နှစ်မှာ စိတ်ရော လူရော စိတ်ချမ်းသာလိုရာဆန္ဒ အားလုံးကို ပြည့်ဝပြီး အကောင်းဆုံးတွေပဲ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။ အခက်အခဲမှန်သမျှကျော်လွှားနိုင်ပါစေ။

ခိုင်နှင်းဝေ

နှစ်သစ်မှာတော့ စိတ်ညစ်စရာတွေ အကုန်ထားခဲ့ပြီး စိတ်သစ်လူသစ်နဲ့ပဲ အကုန်လုံး သွားချင်ပါတယ်။ ဒီအတိုင်း စိတ်သစ်လူသစ်နဲ့ ကုသိုလ်သစ်တွေလည်းပါရအောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနေရအောင် လုပ်ငန်းတွေလည်း အဆင်ပြေအောင်ဆုတောင်းပေးပါတယ်။

သင်ဇာ

၂၀၂၄ နှစ်သစ်က ရောက်တော့မယ်ဆိုတော့ စိတ်၏ကျန်း မာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။ အရာရာအဆင်ပြေချောမွေ့ကြပါစေလို့ သင်ဇာက ဆုမွန်ကောင်းတောင်းပါတယ်။ ၂၀၂၄ ခုနှစ်မှာ အနုပညာအလုပ်တွေ အရှိန်မြှင့်လုပ်မှာဖြစ်လို့ ပရိသတ်တွေလည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်။

ဝေလာရီ

လာမယ့် နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ချမ်းမာကြပါစေလို့ ဝေလာက ဆုမွန်တောင်းပါတယ်။ ၂၀၂၄ က ချစ်ရတဲ့ပရိသတ်တွေအားလုံးအတွက် ကောင်းမွန်သော နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဝေလာ ဆုတောင်းပေးပါတယ် ရှင့်။

အေမီစျာန်

၂၀၂၄ နှစ်သစ်ရောက်တော့မယ်ဆိုတော့ နှစ်စကစပြီး တစ်လပိုင်း ၂၀၂၄ ကစပြီး စိတ်သစ် လူသစ် ကောင်းမွန်ခြင်း ပန်းတိုင်အသစ်တွေကို ကောင်းသထက် ကောင်းအောင်ပုံဖော်နိုင်ပါစေ။ ဒီပေးတဲ့ဆုနဲ့အတူ အေမီဈာန်လည်း တန်ပြန်သက်ရောက်မှုကိုလည်း ကိုယ်တိုင်ခံစားချင်ပါတယ်လို့ ပြောပါရစေ။

◾ ခင်သဇင်

ပရိသတ်တွေလည်း စိတ်သစ် လူသစ် အလုပ်သစ်တွေနဲ့ အချစ်သစ်တော့ ဆုမပေးတော့ပါဘူး။ ပျော်ရွှင်ကြပါစေ ရရှိကြပါစေ လိုအင်ဆန္ဒတွေလည်း ပြည့်ပါစေလို့ ဆုမွန်တောင်းပါတယ်။

◾ Mariam K

အားလုံးလည်း လူသားတစ်‌ယောက်စီတိုင်း ဘဝအမောတွေလည်း အေးချမ်းသွားပြီးတော့ နှစ်သစ်မှာ မက်ထားတဲ့ အိပ်မက်တွေလည်း အကောင်အထည်ဖော်နိုင်ပါစေ။ လိုအင်ဆန္ဒတွေလည်း ပြည့်ဝပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *