MT News

COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူနှစ်ဦးတိုးလာပြီး လူနာသစ် ၂၃၄ ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး ၁၇-၉-၂၀၂၂.ရက်နေ့၊ ည ၈ နာရီမှ ၁၈-၉-၂၀၂၂ ရက်နေ့၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၉,၅၃၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၃၄) ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၄၅) ရာခိုင်နှုန်း ရှိနေသည်။

ထို့ကြောင့် COVID-19 ရောဂါ မြန်မာနိုင်ငံအတွင်း စတင်တွေ့ရှိချိန်မှ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈,၉၂၄,၅၀၃ ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၈,၈၉၈ ဦး ရှိလာပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၁၉ ဦးရှိ သဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅၉၅,၃၈၅ ဦး ရှိပြီဖြစ်ပြီး ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ (၂) ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉,၄၄၆ ဦး အထိ ရှိနေပြီဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *