MT News

ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၀၀၀ ကျော်ဖိုး သယ်ဆောင်လာသူနှစ်ဦး ဖမ်းမိထားပြီး ကွင်းဆက်များ ဆက်လက်ရှာဖွေနေသည်ဟု စက်တင်ဘာ ၁၉ ရက်တွင် သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၁၈ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူ ဗန်းမော်မြို့နယ်၊ ကုန်းမဟတ်ကျေးရွာအနီး၌ လမ်းလျှောက်လာသူ အောင်မျိုးတင့်နှင့် မောင်မြို(ခ)မျိုးအောင် တို့အား စစ်ဆေးရာ ၎င်းတို့ဆွဲကိုင်လာသော ပလတ်စတစ်ပုံးများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁.၁ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၄၀) ၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၁၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၇၀၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိသဖြင့် အောင်မျိုးတင့်(၄၂)နှစ် နှင့် မောင်မြို(ခ) မျိုးအောင်(၄၄)နှစ် တို့အား ဗန်းမော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်စုံစမ်း ဖော်ထုတ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News