ညာဘူမိတက္ကသိုလ်၏ သုတဓမ္မဒီပလိုမာ Level - 1 ဖြေဆိုရန် ဝင်ခွင့်ကတ်ထုတ်ယူနေမှုအား တွေ့ရစဥ် (Photo- University of Wisdom Land)
၂၄. ၁၁. ၂၀၂၂
Written by Tha Doe
ပါမောက္ခချုပ်ဆရာတော်၏ ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ Level – 1 အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ စာဖြေဌာန ၁၁ ခုတွင် ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ စီစဥ်သည့် သုတဓမ္မဒီပလိုမာ ပထမအကြိမ် စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသူ ၅၀၀၀ ကျော် ရှိနေသည်ဟု သိရသည်။
ဒေါက်တာနန္ဒမာလာဘိဝံသ တည်ထောင်ခဲ့သည့် ပညာဘူမိတက္ကသိုလ်၏ ပညာဘူမိတက္ကသိုလ် သုတဓမ္မဒီပလိုမာနှင့် သုတဓမ္မဂဝေသီ (BA)ဘွဲ့ကိုကျောင်းတက်စရာမလိုဘဲ စာမေးပွဲဖြေဆိုအောင်မြင်ခြင်းဖြင့် ရယူနိုင်မည်ဖြစ်ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ၂၀၂၂-ဇွန်လ ၆- ရက် တနင်္လာနေ့ကစ၍ ဖွင့်လှစ်ထားပြီး ပညာဘူမိတက္ကသိုလ်က ပြဌာန်းထားသော Level (၁၊ ၂၊ ၃) စာအုပ်များကို ကိုယ်တိုင်လေ့လာသင်ယူကာ ခြောက်လတစ်ကြိမ်ကျင်းပမည့် စာမေးပွဲများမပျက်မကွက်ဖြေဆို၍ သုတဓမ္မဒီပလိုမာရယူရမည်ဖြစ်သည်။ ဆက်လက်၍ သုတဓမ္မဂဝေသီ (BA) တန်းအတွက် ပြဌာန်းထားသော စာအုပ်များကိုဖတ်ရှုလေ့လာ၍ တစ်နှစ်တစ်ကြိမ် စာမေးပွဲဖြေဆိုကာစာမေးပွဲ နှစ်ကြိမ်အောင်မြင်ပါက သုတဓမ္မဂဝေသီ(BA) ဘွဲ့အပ်နှင်းမည်ဖြစ်သည်။
လက်ရှိတွင် လျှောက်လွှာဖောင်တင်ချိန် အချက်အလက် မပြည့်စုံသူ ပုဂ္ဂိုလ် (အနည်းငယ်မျှသာ)မှလွဲ၍ စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူများအားလုံး ဖြေဆိုခွင့်ရရှိရန် ဆောင်ရွက်ထားရှိပြီး ဖြေဆိုလိုသော်လည်း မပါဝင်ပါက ပြန်လည်စိစစ်ပေးရန် https://www.universitywisdomland.edu.mm/reverification-form/ တွင် ပြန်လည်လျှောက်ထားနိုင်မည်ဖြစ်သည်။
သုတဓမ္မ ဒီပလိုမာ Level-1 စာမေးပွဲကို စာဖြေလိုသူများပြားခြင်း၊ လူအများမှ အထူးစိတ်ဝင်စားခြင်း၊ စာမေးပွဲမဖြေသော်လည်း လေ့လာလိုက်နာကျင့်သုံးသူများ ရှိကြသည်ကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ ဝမ်းမြောက်လျှက်ရှိနေကြောင်းနှင့် ဆရာတော်ကြီးအနေဖြင့် ဖြေဆိုလိုသူများအားလုံးဖြေဆိုနိုင်စေရန် တိုင်းနှင့်ပြည်နယ်အလိုက် စာဖြေဌာနများတိုးချဲ့ပြီး စာမေးပွဲကျင်းပရန် ဆန္ဒရှိသည်နှင့်အညီ စီစဉ်ထားရှိကြောင်းလည်း စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့က ပြောသည်။
စာမေးပွဲဖြေဆိုခွင့် ရရှိသူများအနေဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရမည့်နေရာ၊ စာမေးပွဲဖြေဆိုခွင့် ကတ်၊ စသည်များကို https://www.universitywisdomland.edu.mm/entrance-result/ တွင် စစ်ဆေးနိုင်မည်ဖြစ်သည်။

(Photo- University of Wisdom Land)

(Photo- University of Wisdom Land)
