April 29, 2024

MT News
၁၅. ၁၂. ၂၀၂၃

လာမဲ့ ၂၀၂၄ မတ်လ ၁၁ ရက်ကနေ စတင်ပြီး ခြောက်ဘာသာစလုံးကို ပိတ်ရက်မရှိဆက်တိုက်ဖြေဆိုရမယ့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းတွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လာပါတယ်။

စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် မတ်လ ၁၁ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ မြန်မာစာ၊ မတ်လ ၁၂ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ မတ်လ ၁၃ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ သင်္ချာ၊ မတ်လ ၁၄ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိကို ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ ၁၅ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ ရူပဗေဒ/သမိုင်း၊ မတ်လ ၁၆ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ ဇီဝဗေဒ/ဘောဂဗေဒတို့ကို ခြောက်ဘာသာလုံး နားရက်မရှိဆက်တိုက်ဖြေဆိုရမှာပါ။

အဲဒီနောက်မှာတော့ မတ်လ ၁၇ ရက် တစ်ရက်ပိတ်ပြီး မတ်လ ၁၈ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ လူမှုရေးသိပ္ပံနဲ့ မတ်လ ၁၉ ရက် မနက် ၉ နာရီကနေ ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ လူမှုကွန်ရက်က Department of Myanmar Examinations – မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ Page အောက်မှာ ကလေးတွေကို ပိတ်ရက်မရှိဖြေဆိုခိုင်းတာမဖြစ်သင့်ကြောင်း၊ ပညာရေးစနစ်သစ်စလို့ စာများနေတဲ့နှစ်မျိုး ပိတ်ရက်များတဲ့နှစ်မျိုးမှာ နားရက်မရှိဖြေဆိုခိုင်းတာမဖြစ်သင့်ကြောင်း ဝိုင်းဝန်းဝေဖန်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News