၁၂. ၈. ၂၀၂၃
Written by Pan Ei

ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာလ ၇ ရက်အထိ ကျင်းပခဲ့တဲ့ Mobile Legends Bang Bang (MLBB) ရဲ့ World Championship M5 ပွဲစဉ်ကြီးရဲ့ အုပ်စုပွဲစဉ်တွေအပြီးမှာတော့ AP.Bren၊ Blacklist International၊ ONIC Esports၊ Geek Fam ID၊ See You Soon၊ Fire Flux Esports၊ Burmese Ghouls နဲ့ Deus Vult ဆိုတဲ့အသင်းရှစ်သင်းက ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက နှစ်သင်းစီ၊ တူရကီ၊ ရုရှား၊ မြန်မာ၊ ကမ္ဘောဒီးယားတို့က တစ်သင်းစီပါဝင်တဲ့ ဒီအသင်း ၈ သင်းထဲက တစ်သင်းဟာဆိုရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ကိုးသိန်းနဲ့ ကမ္ဘာ့ချန်ပီယံဆုကြီးကို ရရှိဖို့ တစ်ဆင့်ပိုပြီး နီးကပ်လာတာလည်းဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-08_11-33-37-1024x1024.jpg

ဒရမ်မာဆန်ဆန်နဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာကိုယ်စားပြုအသင်း Burmese Ghouls အနေနဲ့ ရှုံးထွက်အဆင့်မှာ အင်ဒိုနီးရှားအသင်း Geek Fam နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး Geek Fam အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ ကစားခဲ့တဲ့ ရုရှားအသင်း Deus Vult နဲ့ပွဲမှာ Geek Fam ဘက်က အနိုင်ရရှိခဲ့ပေမဲ့ အောင်ပွဲခံချိန် အသင်းရဲ့အဓိကကျတဲ့ Jungler ကစားသမားဖြစ်တဲ့ Nneal ဟာ ပြိုင်ဘက်အသင်းအပေါ် ရိုင်းပြတဲ့ အပြုအမူနဲ့ အောင်ပွဲခံခဲ့တာကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်ချခံခဲ့ရပြီး Burmese Ghouls နဲ့ကစားရမယ့် ပွဲမှာလည်း Nneal ဟာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် တခြားကစားသမားတစ်ယောက်အစားထိုးဆော့ရမယ့် Geek Fam အနေနဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပြီး Burmese Ghouls အသင်းအနေနဲ့လည်း နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ဆို သေချာပေါက်နိုင်ပွဲတစ်ပွဲကို လိုအပ်တာကြောင့် သူတို့ရဲ့ ရှုံးထွက်ပွဲစဉ်ဟာ မြိုင်ဆိုင်တဲ့ပွဲစဉ်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။

မြန်မာကိုယ်စားပြုအသင်း Burmese Ghouls ရဲ့ ရှုံးထွက်ပွဲစဉ်ကတော့ လာမယ့် ဒီဇင်ဘာလ ၁၀ ရက် မနီလာမြို့မှာ ကျင်းပသွားမှာပဲဖြစ်ပြီး အနိုင်ပွဲရရှိကာ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ ပရိသတ်တွေကလည်း အားပေး၊ မျှော်လင့်လျက်ရှိနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *