၁. ၁၂. ၂၀၂၃
Written By Thandar

မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ Miss CosmoWorld 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ကြည်ဖြူခင်က Miss Popularity Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

“၇ နှစ်တာ Pageant Journey မှာ ပထမဆုံးအကြိမ် မြန်မာကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ နိုင်ငံအားလုံးထဲကနေ Top 5 Finalists ကို တစ်ခါတည်းရွေးချယ်တာမို့ Top 5 Finalists စာရင်းထဲကို ဝင်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပေမယ့် မြန်မာပြည်သူလူထုကပေးတဲ့ Voting တွေနဲ့အတူ Miss Popularity Award ကို ရယူနိုင်ခဲ့ပါတယ်။ မြန်မာအတွက် Vote ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း အခွင့်ရှိရင် သေချာကြိုးစားပြီး ထပ်ပြိုင်ချင်ပါသေးတယ်”လို့ အလှမယ် ကြည်ဖြူခင်က MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-01_10-11-36-683x1024.jpg

သူမဟာ နိုဝင်ဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ နိုင်ငံပေါင်း ၃၀ ဝန်းကျင်က အလှမယ်တွေနဲ့အတူ ယှဥ်ပြိုင်ခဲ့ရာက Miss Popularity Award ဆုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ကြည်ဖြူခင်က မြန်မာနိုင်ငံကို လာမယ့် ဒီဇင်ဘာ ၄ ရက်မှာ ပြန်လည်ရောက်ရှိမှာလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲကြီးမှာ Miss CosmoWorld 2023 Winner ဆုကို USA အလှမယ် ၊ 1st Runner Up ဆု ကို ဖိလစ်ပိုင် အလှမယ် ၊ 2nd Runner Up ဆုကို ယူကရိန်းအလှမယ်တို့က ဆွတ်ခူးရရှိခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *