၁. ၁၂. ၂၀၂၃
Written by Nay Moe

ကော့ကရိတ်ကို KNU နဲ့ PDF ပူးပေါင်းအဖွဲ့တွေက မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် ဒီဇင်ဘာ ၁ ရက် သန်းခေါင်ကျော်အချိန်ကစ လေကြောင်းတိုက်ခိုက်နေသလို ဒီမနက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ကော့ကရိတ်က ဝန်ထမ်းတွေ တစ်ပတ်အတွင်း ထွက်ခွာဖို့ KNU က နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပြီးကတည်းက မြို့ခံအများစုဟာ ဖြစ်လာနိုင်တဲ့စစ်ပွဲအတွက် တိမ်းရှောင်နေသူတွေရှိသလို ဒီလို KNU နဲ့ PDF တွေ ဒီနေ့မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေလို့ ပစ်ခတ်မှုတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

KNU နဲ့ PDF တွေဟာ ကော့ကရိတ်မြို့ကို သုံးကြိမ်ထက်မနည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပေမဲ့လည်း လက်ရှိအချိန်အထိတော့ အောင်မြင်ခြင်းမရှိဘဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲလိုက် အကျအဆုံးများစွာနဲ့ ထွက်ပြေးရလိုက်ပဲဖြစ်နေတာပါ။

လက်ရှိမှာလည်း ကော့ကရိတ်မြို့အနှံ့ပစ်ခတ်နေကြလို့ အာရှလမ်းမကြီးဘက်က ကုန်ကားတွေ ဆက်မတက်ရဲသလို ကော့ကရိတ်အဝင်တံတားနား၊ ကြာပန်းအဝိုင်းနမှာ ကားသမားတွေကလည်း ဘေးလွတ်ရာပုန်းခိုနေရတဲ့အခြေအနေဖြစ်နေသလို ဆက်တက်လာတဲ့ကားတွေလည်း တိုက်ပွဲကြောင့် ပြန်လှည့်နေကြရတယ်လို့ သိရပါတယ်။

“မြဝတီတက်လာမဲ့ကားတွေ တက်မလာပါနဲ့ဦး။ အခုလက်ရှိမှာ တစ်မြို့လုံးအနှံ့ပစ်ခတ်နေသလို မီးတွေလည်း လောင်နေပါတယ်။ ကျွန်တော်တို့ကားတွေလည်း ကြာပန်းအဝိုင်းနားမှာ ပိတ်မိနေပါတယ်” လို့ ကုန်တင်ကားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။

ပုံစာ။ ကော့ကရိတ်မြို့၏ လက်ရှိမြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *