၃၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

နိုဝင်ဘာ ၂၇ ရက်တွင် ကျောက်မဲမြို့ အဝေးပြေးလမ်းမပေါ်ရှိ တိုးဂိတ်အနီး ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများကြောင့် ကျောက်မဲမြို့ တရုတ်သင်္ချိုင်းအနီးနှင့် မောင်ဖုန်းတောင်အဆင်းလမ်းတို့တွင် တွေ့ရှိခဲ့သည့် TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါသည့် သေဆုံးရုပ်အလောင်း မြောက်မြားစွာကို ရှင်းလင်းရေး ဆောင်ရွက်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ကျောက်မဲမှာ နိုဝင်ဘာလ ၂၇ ရက်နေ့ အဝေးပြေးလမ်းမမှာရှိတဲ့ တိုးဂိတ်အနီးတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်စဉ် ဖြစ်ပွားခဲ့တာရှိပါတယ်။ အဲဒီမှာတော့ TNLA၊ MNDAA ပူးပေါင်းအဖွဲ့က ကျဆုံးမှုများစွာ ရှိခဲ့ပါတယ်။ ကျောက်မဲမှာနေတဲ့ ဒေသခံတွေအနေနဲ့ အဲဒီဖြစ်စဉ်ကြောင့် ခေတ္တရှောင်တိမ်းနေရာမှ မြို့ထဲကိုပြန်လာရာမှာ အပုပ်နံ့တွေရလို့ လိုက်လံရှာဖွေတဲ့နေရာမှာ တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ သေဆုံးနေတဲ့ TNLA၊ KIA၊ MNDAA၊ PDF တံဆိပ်ပါတဲ့ အလောင်းပေါင်းမြောက်မြားစွာ တွေ့ရှိခဲ့ရပါတယ်။ မြို့နယ်လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းရှင်းလင်းခဲ့ရပါတယ်။ ဒါ့ပြင် မောင်ဖုန်းတောင်အဆင်းလမ်းမှာလည်း ဒီတိုင်းပစ်ချထားခဲ့တဲ့ ခုနအဖွဲ့တွေရဲ့ ယူနီဖောင်းပါတဲ့ အလောင်းတွေ တွေ့ခဲ့ရပါတယ်။ ဒါတွေကို ရှင်းလင်းရေး ဆောင်ရွက်နေပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အလောင်းမကောက်နိုင်ဘဲ သေဆုံးစွန့်ပစ်ခံထားရသည့် PDF ၊ KIA၊ MNDAA၊ AA၊ TNLA တို့၏ အလောင်း ၇၀ ကျော်ကို ရှင်းလင်းပေးရန် ကျောက်မဲမြိုခံများက တောင်းဆိုသည့်စာ လူမှုကွန်ရက်၌ ပျံ့နှံလာခဲ့ပြီး တပ်နယ်မှူးက တာဝန်ယူရှင်းလင်းနေရသည်ဟုလည်း လူမှုကွန်ရက်တွင် ပျံ့နှံနေမှုအရ သိရသည်။

ပုံစာ။ လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော PDF အလောင်း ၇၀ ကျော်ရှင်းလင်းပေးရန် တောင်းဆိုစာ၊ တိုးရ်ဂိတ်တွင် သေဆုံးသွားသောအလောင်းအားရှင်းလင်းနေမှုနှင့် MNDAA ၏ ယခုရက်ပိုင်းသေဆုံးသူများ သင်္ဂြိုဟ်ရာနေရာ (Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *