၁. ၁၂. ၂၀၂၃
Written by Nay Moe

အမျိုးသားဒီမိုကရေစီသစ်ပါတီ ဥက္ကဋ္ဌ ဦးသန်းထွန်းဟာ ဒီနေ့မနက်က သင်္ဃန်းကျွန်းမြို့နယ်မှာ PDF တွေရဲ့ လုပ်ကြံမှုခံရပြီး ဆေးရုံတင်ပို့ကုသချိန် ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းထွန်းကို ဒီနေ့မနက်အစောပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ PDF တွေက လုပ်ကြံပစ်ခတ်ခဲ့တာကြောင့် ကျည်လေးချက်ထိမှန်ပြီး မြောက်ဥက္ကလာပ ဆေးရုံတင်ပို့ကုသစဥ်မှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-01_10-16-35-768x1024.jpg

ဦးသန်းထွန်းဟာ ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်အရွယ်သာရှိသေးပြီး ၁၉၈၈ အရေးအခင်းမှာ ကျောင်းသားအဖြစ် နိုင်ငံ​ရေးမှာပါဝင်ခဲ့သလို NLD စဖွဲ့ကတည်းက သင်္ဃန်းကျွန်းရဲ့လူငယ်အဖွဲ့ဝင်အ​ဖြစ် ထဲထဲဝင်ဝင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ​တော့​ ရွေး​ကောက်ပွဲလမ်းစဥ်ကိုယုံကြည်သူဖြစ်လို့ ဦးသိန်းညွန့်နဲ့အတူ NDFပါတီအ​နေနဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲ့​ရွေး​ကောက်ပွဲမှာ တက်တက်ကြွကြွလှုပ်ရှားခဲ့ပြီး ၂၀၁၀​ ရွေး​ကောက်ပွဲအပြီးမှာ ဦးသိန်းညွန့်နဲ့အတူ အမျိုးသားဒီမိုက​ရေစီပါတီသစ်ကိုတည်​ထောင်ပြီး ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဦးသိန်းညွန့်နိုင်ငံ​တော်တာဝန်ထမ်း​ဆောင်ချိန်မှာ ဦးသန်းထွန်းဟာ NNDP ပါတီရဲ့ဥက္ကဋ္ဌတာဝန်ကို လွှဲ​ပြောင်းထမ်း​ဆောင်ခဲ့သူဖြစ်ပါတယ်။

“​ရွေး​ကောက်ပွဲလမ်းစဥ်နဲ့ ငြိမ်းချမ်းတဲ့ဒီမိုက​ရေစီအ​ပြောင်းအလဲကို ယုံကြည်သူတစ်ဦးကို အခုလို အကြမ်းဖက်လုပ်ကြံတာဟာ သူရဲ​ဘော​ကြောင်သူ​တွေရဲ့လုပ်ရပ်လို့​ပြောချင်ပါတယ်။ ပါတီအတွက်တင်မကဘူး တိုင်းပြည်အတွက်ငြိမ်းချမ်းတဲ့အသွင်ကူး​ပေါင်းမှုကို ယုံကြည်သူတစ်ဦးကိုဆုံးရှုံးလိုက်ရတာပါ”လို့ NNDP ပါတီရဲ့ ဒုဥက္ကဋ္ဌက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *