◾ ကယ်ဆယ်ရေးပိုက်လိုင်း ပိတ်မိအလုပ်သမားများထံရောက်ရန် နှစ်မီတာသာ လို

၂၈. ၁၁. ၂၀၂၃.

translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ Uttarakhand ပြည်နယ်၊ Uttarkashi ခရိုင်အတွင်း၌ နိုဝင်ဘာ ၁၂ ရက်ကဖြစ်ပွားခဲ့သော အဝေးပြေးကားလမ်းပေါ်ရှိ တည်ဆောက်ဆဲကားလိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေခဲ့သော အလုပ် သမား ၄၁ ဦးအား ယနေ့ နိုဝင်ဘာ၂၈ ရက်တွင် ပြန်လည် ကယ်ဆယ်နိုင်တော့မည်ဖြစ်သည်။

လိုဏ်ခေါင်းအတွင်းပိတ်မိနေသော အလုပ်သမားများအား ကယ်ထုတ်ရေးလုပ်ငန်းစဥ်၏ နောက်ဆုံးအဆင့်အဖြစ် အလုပ်သမားများအား ၉၀ စင်တီမီတာအချင်းရှိပိုက်လိုင်းအတွင်း ဘီးတပ်ထမ်းစင်များဖြင့် နိုဝင်ဘာ ၂၈ ရက်မွန်းလွဲပိုင်းတွင်တစ်ဦးစီကယ်ထုတ်ယူရန် စီစဥ်ထားကြသည်။

ထိုအလုပ်သမားများအတွက် ကယ်ဆယ်ရေးအထွက်ပိုက်က ပိတ်မိ အလုပ်သမားများထံရောက်ရှိရန် ပြိုကျနေသော လမ်းလိုဏ်ခေါင်းကို ၁၇ ရက်ကြာ ပြန်လည်တူးဖော်ခဲ့ရသည်။

ပိတ်မိအလုပ်သမားများ၏ မိသားစုများမှာလည်း ကယ်ဆယ်ရေးပိုက်လိုင်းက အလုပ်သမားများထံရောက်ရန် ၅ မီတာမှ ၆ မီတာသာ လိုတော့ကြောင်း လိုဏ်ခေါင်းတူးဖော်ရေးပညာရှင် ခရစ်ကူးပါးက နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင်ပြောကြားခဲ့၍ လိုဏ်ခေါင်းအပြင်တွင်စိတ်အားထက်သန်စွာ စောင့်ဆိုင်းလျက်ရှိကြသည်။

ညနေလေးနာရီခွဲခန့်တွင်မူ အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (NDMA)အဖွဲ့ဝင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဟတ်စ်နိန်က ကယ်ဆယ်ရေးပိုက်လိုင်း များက ၅၈ မီတာထိရောက်သွားပြီဖြစ်ကာ နှစ်မီတာသာတူးရန်လိုတော့ကြောင်း၊ လုံခြုံစိတ်ချမှုရှိရေး ကယ်ဆယ်ရေးပိုက်လိုင်းမှပြန်လည်ကယ်ဆယ်သွားမည်ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းကိုနောက်ထပ်သုံးနာရီမှလေးနာရီအတွင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

Ref :; Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *