၃၀. ၁၁. ၂၀၂၃
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ မြို့နယ်စည်ပင်သာယာ ရေးဥက္ကဋ္ဌ(မြို့တော်ဝန်) ကို Chauk Guerrilla Force PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ​နိုဝင်ဘာ ၂၉ ရက်​ ည​နေ ၃ နာရီ ၅ မိနစ်အချိန်က ချောက်မြို့၊ မြို့နယ်စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးဟာ စည်ပင်ရုံးကနေ ​နေအိမ်ဆီ ဆိုင်ကယ်နဲ့ ပြန်လာချိန် အမှတ် (၉) ကင်မွန်းခြုံရပ်ကွက်၊ “သန့်သန့်” လျှပ်စစ်ပစ္စည်းဆိုင်အ​ရှေ့အ​ရောက် ​နောက်က ကပ်ပြီး လိုက်ပါလာ​တဲ့ ဆိုင်ကယ်တစ်စီး​ပေါ်က Chauk Guerrilla Force PDF ၁ ဦးက ဦးသန့်စင်ဦးရဲ့ ဦး​ခေါင်းကို ​သေနတ်နဲ့ အနီးကပ် ၂ ချက် ပစ်ခတ် သတ်ဖြတ်ခဲ့တာကြောင့် ဦးသန့်စင်ဦးဟာ ဦး​ခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ နေရာတင် ပွဲချင်းပြီး ​သေဆုံးသွား​တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-30_14-58-19-725x1024.jpg

ဒီလိုမျိုး လက်နက်မဲ့မြို့တော်ဝန်တစ်ဦးကို ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်တဲ့ Chauk Guerrilla Force အဖွဲ့က သူတို့သတ်ဖြတ်မှုဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ၁၁၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ အညာမြေမှာစစ်ဆင်ရေးဆင်နွှဲတာလို့ အသိပေးထားသလို ဒီလုပ်ကြံမှုမှာ ချောက်ပကဖ၊ မကွေးခရိုင် အမှတ် (၂) ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ Burma Revolution Rangers တို့လည်းပါတယ်လို့ အသိပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *