၃၀. ၁၁. ၂၀၂၃
Written By Thandar

ဟာသနဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းပုံစံ “ဗိုက်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးတာနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား‌ပေါ်မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်ရဲ့ ၆ ကားမြောက် ရုပ်ရှင်ဇာတ်ကားကြီးပါ။ အဓိကဟာက လျှို့ဝှက်ဆန်းကြယ်လေးတွေပါမယ်။ ဗိုက်ဆိုတဲ့အတိုင်း မမဆောင်းက ဗိုက်ကြီးသွားတယ်။ ဘယ်သူကြောင့် ဒီဗိုက်ရတာလဲပေါ့။ မင်းသား ၃ ယောက်ကြောင့်လား ဘယ်သူကြောင့်လဲ။ ဗိုက်ပြဿနာကို ဖြေရှင်းရင်းနဲ့ အကုန်ဗိုက်တွေ ကြီးကုန်ကြတာပေါ့။ ဒါကြောင့် ဗိုက် ဖြစ်သွားတာပါ။ ရှေ့က ရည်ရွယ်မိုး ရုပ်ရှင်ဇာတ်ကားမှာ ပေါက်ခဲ့တာဆိုတော့ ရွှေတံဆိပ်ဆုတွေရခဲ့တယ်။ ဒီကားနဲ့လည်း ကျွန်တော် ရွှေဆုထပ်ရဦးမှာပါ။ ဗိုက်ဆိုတာ ရွှေစာလုံးတိုသွားတော့ သိပ်အဆင်မပြေလောက်ဘူး”လို့ ဒါရိုက်တာ စိုးမိုးမင်းက MTNews Entertainment ကို ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-30_14-11-52-2-1024x774.jpg

အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရာဇဝင်ကိုရဲ့ ဇာတ်လမ်းကို ကြယ်စုသစ်က ဇာတ်ညွှန်းရေးသားပြီးတော့ ဒါရိုက်တာ စိုးမိုးမင်းက သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင် ၊ ရှင်မွေလ၊ ဝီလီ ၊ မင်းပိုင် ၊ အကယ်ဒမီမြတ်ကေသီအောင်၊ လီလီကျော်ခိုင်၊ ချောကလျာ ၊ ကြယ်စင်ဖြူ ၊ မမဆောင်း ၊ နေဆန်း ဆင်မ ၊ ရဲလေးမ ၊ မတူး ၊ မျိုးမျိုးခိုင် ၊ သူဇာပွင့် စတဲ့ အနုပညာရှင်တွေနဲ့ ပါဝင်ရိုက်ကူးကြမှာဖြစ်ပါတယ် ။

“ဒီဇာတ်ကားရဲ့ ပုံစံလေးက ဗိုက်ဆိုတဲ့ အတိုင်းပဲ ဗိုက်တစ်လုံးကနေအစပြုပြီး ဟာသပုံစံလေးသွားမယ့် ဇာတ်လမ်းပုံစံမျိုးလေးပါ။ ဘယ်လိုတွေဖြစ်မလဲဆိုတာကတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ကြပါပေါ့။ ဒီကားလေးကတော့ လီလီ အဓိက သရုပ်ဆောင်အနေနဲ့ ပါဝင်ရမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းပုံစံလေးကလည်း ပရိသတ်စိတ်ဝင်စားမှုရမယ့် ဇာတ်လမ်းပုံစံလေးပါ ”လို့ သရုပ်ဆောင် လီလီကျော်ခိုင်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-30_14-11-49-683x1024.jpg

ဗိုက် ရုပ်ရှင်ဇာတ်ကားကိုတော့ ဒီဇင်ဘာ ၁ ရက်ကနေ စတင်ပြီး ပါဝင်ကြတဲ့ သရုပ်ဆောင်တွေနဲ့အတူ ရန်ကုန်မြို့ရှိ တိုက်ကြီး ၊ လှည်းကူး ၊ မှော်ဘီ စတဲ့ နေရာတွေမှာ တစ်လကျော် ရိုက်ကူးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *