၃၀. ၁၁. ၂၀၂၃
Written by Pan Ei

BLACKPINK အဖွဲ့ဝင်လေးဦးစလုံးဟာ အာရှရဲ့ ပထမဆုံးအဖြစ် ဗြိတိန်ဘုရင်ဆီက ဂုဏ်ထူးဆောင် MBE ဆု ချီးမြှင့်ခံခဲ့ရပြီးတဲ့နောက် Jisoo ၊ Jennie နဲ့ Rosé တို့ဟာ တောင်ကိုရီးယားကို ပြန်လာခဲ့ကြပြီး Lisa ကတော့ ဥရောပမှာ ဆက်လက်နေထိုင်နေဆဲဖြစ်ကာ မကြာသေးမီရက်ပိုင်းအတွင်းက ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ပီအက်စ်ဂျီအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ UEFA ချန်ပီယံလိဂ်ပွဲစဉ်ကို Lisa က တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

ဘောလုံးပွဲကိုကြည့်ရှုနေစဉ် Lisa ဟာ ပြုံးပျော်ဂုဏ်ပြုနေတဲ့ပုံတွေက ပရိသတ်တွေကို ကြည်နူးစရာဖြစ်စေခဲ့ပြီး ပိုပြီး စိတ်ဝင်စားစရာကောင်းတာက Lisa နဲ့ တွဲနေတဲ့သူလို့ အရင်ကလည်း ကောလာဟလ ထွက်ခဲ့ဖူးတဲ့ ဒုတိယမျိုးဆက် ဘီလျံနာသူဌေး Frédéric Arnault ဟာလည်း Lisa ရဲ့ နောက်ဘက် အတန်းအနည်းငယ်ကွာတဲ့နေရာမှာ ရှိနေခဲ့ပြီး ဘောလုံးပွဲကို ကြည့်ရှုနေခဲ့တာပါ။ သူတို့ဟာ ဘေးချင်းကပ်မထိုင်ကြပေမဲ့ တူညီတဲ့နေရာမှာ ရှိနေကြတာကြောင့်လို့ဆိုကာ သူတို့ ချိန်းတွေ့နေကြတယ်လို့ ကောလတေလတွေ ပိုမို ထွက်ပေါ်နေခဲ့တာပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-30_13-15-55.jpg

This image has an empty alt attribute; its file name is photo_2023-11-30_13-16-02.jpg

Frédéric Arnault နဲ့ Lisa တို့ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေက အခုနှစ်အစောပိုင်း ပြင်သစ်နိုင်ငံ ပါရီမှာ အတူတွေ့ဆုံခဲ့ကြစဉ်ကတည်းက စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး လော့အိမ်ဂျလိစ်မြို့က လေဆိပ်ဆိုဖာပေါ်မှာ သူတို့နှစ်ဦး အတူထိုင်နေတာကို သြဂုတ်လက ဓာတ်ပုံတွေ ထွက်ရှိလာခဲ့တာကြောင့် ကောလဟာလတွေနဲ့ ထင်ကြေးပေးမှုတွေက အရှိန်အဟုန် မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။

Lisa ရဲ့အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ ချိန်းတွေ့တယ်ဆိုတဲ့ ကောလဟာလတွေကို အတည်မပြုသလို ငြင်းဆိုထားတာမျိုးလည်းမရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာ Lisa နဲ့ BLACKPINK အဖွဲ့ဝင်တွေဟာ YG Entertainment နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ BLACKPINK ၏ အဖွဲ့ဝင် လေးဦးပါဝင်တဲ့ အဖွဲ့တစ်ခုအနေနဲ့ပဲ အနာဂတ်မှာ ဆကိရှိနေမလားဆိုတာကိုလည်း စိစစ်နေပြီး ပရိသတ်တွေကတော့ တရားဝင်ထုတ်ပြန်ချက်တွေကို စောင့်မျှော်နေကြပါတယ်။

Ref; The Thaiger, Allkpop

Leave a Reply

Your email address will not be published. Required fields are marked *