MT News
၃၀. ၁၁. ၂၀၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီအချိန် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီးတွင် ရေးမှ ထားဝယ်ဘက်သို့ ခင်ဇော် မောင်းနှင်ပြီး အောင်ကျော်ဦး လိုက်ပါလာသည့် SINOTRUK TIPPER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဆားအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၈၇ ဒသမ ၄ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် သိမ်းဆည်းရမိခဲ့သည်။

ဖမ်းမိသူများကို စစ်ဆေးဖော်ချက်အရ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ဖမ်းမိ ကက်တမင်းများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မနီနီလှိုင်အား ဘားအံ-မော်လမြိုင်ကားလမ်း၊ ဇာသပြင်တံတားအနီးတွင် လန်ခရူဆာ မော်တော်ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တရားခံများကို စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေး ကက်တမင်းများအား ရှမ်းပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *