၃၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း ပရာယွတ် ချန်အိုချာကို ထိုင်းဘုရင်မင်းမြတ် မာဟာ ဗာဂျီရာလောင်ကွန်ရဲ့ အတိုင်ပင်ခံအဖွဲ့ဝင်အဖြစ် ခန့်ထားခဲ့တယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ တော်ဝင် ပြန်တမ်းတွေအရ သိရပါတယ်။

ထိုင်းတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပြီး ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုကို ဦ;ဆောင်ခဲ့တဲ့ ပရာယွတ် ဟာ တော်ဝင်ဘုရင်မင်းမြတ်ရဲ့ အတိုင်ပင်ခံအဖွဲ့မှာ နောက်ဆုံး အဖွဲ့ဝင်အနေနဲ့ပါဝင်ခဲ့တာပါ။ သူက ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ယင်လတ် ရှီနာဝပ်ထရာ ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချကာ ထိုင်း နိုင်ငံအာဏာကိုရယူခဲ့တာပါ။

ဒီနောက် ဆက်လက်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲကနေ ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရတဲ့ ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလည်းထပ်မံအနိုင်ရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ပရာယွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းပြည့်ခဲ့ပါတယ်။

ဘုရင် ရာမ-၄ အဖြစ်သိကြတဲ့ ထိုင်းဘုရင် ချူလာလောင်ကွန် ရဲ့လက်ထက်မှာ ဘုရင်မင်းမြတ်ကိုအကြံ ပေးဖို့အတွက် အကြံပေးအဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့ပါတယ်။ အကြံပေးအဖွဲ့ကသူ့ရဲ့တရားစီရင်ပိုင်ခွင့်အတွင်း ရှိတဲ့ကိစ္စရပ်တွေကို အိမ်ရှေ့မင်းသားနဲ့အစိုးရ၊ ပါလီမန်၊တရားရုံးများ၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူတို့နဲ့အကြား ညှိနှိုင်းဆွေးနွေးပေးမှာပါ။

Ref——–Nation Thailand

Leave a Reply

Your email address will not be published. Required fields are marked *

Related News