တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ၊ ပိုင်နက်နယ်မြေကို အမြဲတမ်းလေးစားကြောင်း တရုတ်အစိုးရပြော

၃၀. ၁၁. ၂၀၂၃
Written by Nay Aung

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ ပိုင်ဆိုင်မှုကို အမြဲတမ်းလေးစားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲအတွင်း အေပီသတင်းဌာနက မြန်မာအစိုးရကို ထောက်ခံသောအုပ်စုများက ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အုပ်စုများ၏ တိုက်ခိုက်မှုများကို တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးနေသည်ဟု ပြောဆိုပြီး တရုတ်နိုင်ငံကို ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း၊ ထို့အပြင် တရုတ်အစိုးရက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေကို ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဖွယ်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြကြောင်း မေးမြန်းခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-30_13-48-05-1024x683.jpg

ထို့ပြင် အေပီသတင်းဌာနက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖော်ကို ကူညီထောက်ပံ့ပေးမှု ရှိမရှိ ဆိုသောအချက်ကို မှတ်ချက်ပြုပြောစေလိုကြောင်း ထပ်မံမေးမြန်းခဲ့ကြောင်းသိရသည်။

အဆိုပါ မေးမြန်းမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြော ရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်းက ” တရုတ်နဲ့ မြန်မာနိုင်ငံတို့ဟာ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာ၊ အာဏာ ပိုင်နက်နယ်မြေတွေကိုအမြဲတမ်းလေးစားမှုရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်ရေးတို့အတွက် မျှော်လင့်နေပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေဖို့ အခိုင်မာထောက်ခံအားပေးပါတယ်။ တရုတ်နဲ့ မြန်မာ နိုင်ငံကြား ပေါက်ဖော်ဆက်ဆံရေးကိုသဘောထားကွဲအောင်၊ ထိခိုက်အောင် ကြိုးပမ်းမှုတွေကို ထောက်ခံမှာမဟုတ်သလို အောင်မြင်မှာလည်းမဟုတ်ဘူး” ဟု ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-30_13-48-17-1024x720.jpg

တရုတ်နိုင်ငံ၏အထောက်ပံ့များရရှိထားသည်ဟု သတင်းများထွက်ပေါ်ခဲ့ဖူးသော တအာင်းလက်နက်ကိုင်အဖွဲ့၊ ရခိုင်လက် နက်ကိုင်အဖွဲ့ နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့များသည် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းကို စတင်တိုက်ခိုက်ခဲ့ရာ မြို့များသိမ်းယူနိုင်ခဲ့ပြီး ဒေသခံများအပါအဝင် လူပေါင်း သိန်းနှင့်ချီ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Ref; ca.china-embassy.gov

Leave a Reply

Your email address will not be published. Required fields are marked *