၃၀. ၁၁. ၂၀၂၃
Written by Nay Moe

KIA နှင့် PDF အဖွဲ့ဝင်နှစ်ဦးက ဖခင်ဖြစ်သူအား ဖမ်းဆီးရိုက်နှက်နေ၍ ဝင်ရောက်တောင်းပန်သည့် သမီးဖြစ်သူအား KIA နှင့် PDF အဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၆ ရက် ည ၆ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ကံကုန်းကြီးကျေးရွာနေ ဒေါ်နွယ်ဌေး (၄၃)နှစ်သည် နေအိမ်၌ ခင်ပွန်းဖြစ်သူ ဦးအောင်ကြည်နှင့်အတူ ရှိနေစဉ် KIA လက်နက်ကိုင်တစ်ဦးနှင့် PDF တစ်ဦး (စိစစ်ဆဲ)တို့က ကံကုန်းကြီးကျေးရွာနှင့် အင်ကြင်းကုန်းကျေးရွာအကြားရှိ လယ်မြေ၌ လယ်လုပ်ကိုင်နေသည့် ဒေါ်နွယ်ဌေး၏ဖခင်ဖြစ်သူ ဦးကုလား (၆၆)နှစ်အား ဖမ်းဆီး ခေါ်ဆောင်လာပြီး နေအိမ်ရှေ့လမ်းပေါ်၌ ရိုက်နှက်နေသည်ကိုတွေ့ရှိရသဖြင့် ဒေါ်နွယ်ဌေးမှ ဝင်ရောက်တောင်းပန်စဉ် အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ခွာသွားခဲ့သဖြင့် ဒေါ်နွယ်ဌေးမှာ နောက်ကျောမှ ကျည်ဖောက်ဝင်ပြီး ရင်ဘတ်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သ-ဖြ-မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *