၃၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ရီပတ်ဘလစ်ကန်ပါတီမှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တစ်ဦးလည်းဖြစ်သည့် သမ္မတ နစ်ဆင်အစိုးရလက် ထက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ မစ္စတာ ဟင်နရီ ကစ်ဆင်းဂျားမှာ အသက် ၁၀၀ နှစ်အရွယ် နိုဝင်ဘာ ၂၉ ရက်က ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ကစ်ဆင်းဂျားက နိုင်ငံခြားရေးဝန်ကြီးအဖြစ်ထမ်းဆောင်စဉ် အမေရိကန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို အဓိကအားဖြင့် ပဲ့ကိုင်ထိန်းသိမ်းခဲ့သူလည်းဖြစ်သည်။ ထို့ပြင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အမေရိကန်သမ္မတများစွာကိုလည်း အကြံဉာဏ်ပေးမှုများ‌ပြုလုပ်ခဲ့ကာ ဗီယက်နမ်စစ်ပြီးဆုံးစေရေး ညှိနှိုင်းပေးနိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ရရှိခဲ့သည်။

သို့သော် ၎င်းက အင်ဒိုနီးရှား၏ စစ်အာဏာရှင် ဆူဟာတို လက်ထက်တွင် အရှေ့တီမောသို့ ကျူးကျော်သိမ်းပိုက်ခြင်း၊တောင်အာဖရိကရှိ အသားအရောင်ခွဲခြားအုပ်ချုပ်မှုလိုလားသည့်အစိုးရက အန်ဂိုလာကို ကျူးကျော်ခဲ့ခြင်းတို့ကို ထောက်ခံခဲ့သည့်အပြင် ချီလီရှိ ရွေးကောက်ခံအစိုးရပြုတ်ကျရေး စီအိုင်အေနှင့်အတူဆောင်ရွက်ခဲ့မှုတို့ကြောင့် ၎င်းကို ကမ္ဘာတစ်ဝန်းရှိ ရန်ဘက်များက စစ်ရာဇဝတ်မှု ကျူးလွန်သူအဖြစ် ရှုမြင်ကြသည်။

ကစ်ဆင်းဂျား ကွယ်လွန်ကြောင်း ၎င်း၏ အကြံပေးလုပ်ငန်းက နိုဝင်ဘာ ၂၉ ရက် ညနေတွင် ကြေညာခဲ့သော်လည်း သေဆုံးရခြင်း၏ အကြောင်းရင်းကိုမူ ဖော်ပြခြင်းမရှိပေ။

Ref—–The Guardian

Leave a Reply

Your email address will not be published. Required fields are marked *