ရန်ကုန်တွင် စစ်ဆင်ရေးအရှိန်မြှင့်ရန် USO အခြေစိုက်မြို့များတွင် အနက်ရောင်အလံ စတင်လွှင့်ထူပြီဟုဆို

၃၀. ၁၁. ၂၀၂၃
Written by Nay Moe

အင်းစိန်မြို့နယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုန်ကားဝင်းကို Mission 6 အဖြစ် ၄၀ မမ ဗုံးသီးလက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြစစ်ဆင်ရေး Urban Special Operation က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို နိုဝင်ဘာ ၂၉ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး USO ရဲ့ စစ်ဆင်ရေးအရှိန်မြှင့်မှုအဖြစ် ၄၀ မမ ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ကစ USO ရဲ့ စစ်ဆင်ရေး အ‌ခြေစိုက်မြို့တွေမှာ တော်လှန်ရေး သင်္ကေတတစ်ခုဖြစ်တဲ့ အနက်ရောင် အလံ စတင် လွှင့်ထူလိုက်ပြီး တပ်ရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေအပြင် ပတ်သက်ဆက်နွှယ်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

USO ဟာ ရှေ့မှာလည်း ဒီလိုတိုက်ခိုက်မှုတွေပြုလုပ်ထားပြီး Mission 5 အဖြစ် မှော်ဘီလေတပ်စခန်း၊ Mission 4 အဖြစ် မြန်မာဘီယာစက်ရုံ၊ Mission 3 အဖြစ် ထားဝယ်ချောင်ရဲစခန်း၊ Mission 2 အဖြစ် ကိုလင်းမင်းမောင်လွင်နေအိမ်၊ Mission 1 အဖြစ် တောင်ဥက္ကလာပမှာရှိတဲ့ ဦးအောင်မိုးမြင့်ရုံးခန်းတို့ကို တိုက်ခိုက်ခဲ့ပြီး မကြာခင် Mission 7 ဆက်လာမယ်လို့လည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *