၃၀. ၁၁. ၂၀၂၃
Written by Nay Moe

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာအလောင်းမကောက်နိုင်ဘဲ သေဆုံးစွန့်ပစ်ခံထားရတဲ့ PDF တွေ၊ KIA တွေနဲ့ MNDAA၊ AA၊ TNLA တို့ရဲ့ အလောင်း ၇၀ ကျော်ကို ရှင်းလင်းပေးဖို့ ကျောက်မဲမြို့ခံတွေ တောင်းဆိုတဲ့စာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ကျောက်မဲမြို့ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်က စကခမှူးကို လိပ်မူထားတဲ့ဒီစာမှာ ပုပ်ပွနေတဲ့အလောင်းတွေ ရှင်းလင်းပေးနိုင်ဖို့ မနေ့က ရက်စွဲနဲ့ တင်ပြထားပြီး နိုဝင်ဘာ ၂၇ ရက်ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်ပြည်သူတွေက ဘေးလွတ်ရာတိမ်းရှောင်ခဲ့ရပြီး နိုဝင်ဘာ ၂၉ ရက်မှာ ကိုယ့်အိမ်ကိုယ်ပြန်လာချိန်မှာ အပုပ်နံ့တွေရလို့မခံနိုင်တာကြောင့် ကျောက်မဲက ပရဟိတအဖွဲ့တစ်ခု အကူအညီခေါ် လိုက်ရှာရာမှာ နတ်ရေကန်ဝိမုတ္တိဘုန်းကြီးကျောင်းနဲ့တရုတ်သင်္ချိုင်းအနီးမှာရှိတဲ့ လျှိုထဲ TNLA ၊ KIA ၊ MNDAA ၊ AA ၊ PDF တံဆိပ်တွေပါတဲ့ အလောင်းပေါင်း ၇ဝ ကျော် တွေ့ရှိရတယ့်လို့ ရေးသားထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-30_09-42-07.jpg

အရင် နိုဝင်ဘာ ၂၈ ရက်ကလည်း သေဆုံးနေတဲ့ အလောင်းတွေကို ပရဟိတအဖွဲ့တစ်ဖွဲ့က မောင်ဖုန်းတောင်အဆင်းလမ်းလမ်းရဲ့ညာဘက် ချောက်ကမ်းပါးမှာ မီးမရှို့ဘဲ ပစ်ချထားခဲ့တဲ့အတွက် အနီးမှာနေထိုင်သူတွေ ကျန်းမာရေးထိခိုက်စေတာနဲ့ အပုတ်နံ့ဒဏ်ကို မခံနိုင်တဲ့အတွက် PDF လူသေအလောင်းတွေ အမြန်ဆုံးရှင်းလင်းဖယ်ရှားပေးဖို့ ကျောက်မဲမြို့ခံပြည်သူတွေကိုယ်စားတောင်းဆိုထားပြီး အောက်မှာတော့ တပ်နယ်မှူးအား တာဝန်ပေးရန်ဆိုတဲ့ မှတ်ချက်ကိုတွေ့ရသလို ဒီဖြစ်စဥ်မှန်ကန်တယ်လို့လည်း ဒေသခံတွေကအတည်ပြုပါတယ်။

ပုံစာ။ လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော PDF အလောင်း ၇၀ ကျော်ရှင်းလင်းပေးရန် တောင်းဆိုစာ၊ တိုးရ်ဂိတ်တွင် သေဆုံးသွားသောအလောင်းအားရှင်းလင်းနေမှုနှင့် MNDAA ၏ ယခုရက်ပိုင်းသေဆုံးသူများ သင်္ဂြိုဟ်ရာနေရာ (Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *