၂၉. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကယားပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းများ ထောက်ပံ့နေမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် KNPP/KNDF အဖွဲ့နှင့် PDF များ၏ အကြမ်းဖက်မှုများကို ဟန့်တားနိုင်ခဲ့သဖြင့် လက်ရှိအချိန်တွင် လွိုင်ကော်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယ‌နေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ကယားပြည်နယ်အတွင်းသို့ လက်နက်၊ ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိမှုများရှိခဲ့သဖြင့် KNPP/KNDF အဖွဲ့နှင့် PDF များ၏ အကြမ်းဖက်မှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ခြင်းပင်ဖြစ်ပြီး လက်ရှိအချိန်တွင် လွိုင်ကော်ဒေသကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီကို အသိပေးလိုပါကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

KNPP/KNDF အဖွဲ့တို့တွက် ကြိုတင်စုဆောင်းသည့် လက်နက်အလက် ၅၀၀ နှင့် ခဲယမ်းများကို ဟိုပုံးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်တွင်လည်း လက်နက်မျိုးစုံ ၁၃၀ လက်၊ ကျည်မျိုးစုံ ၁၃၀၀၀ ကျော်၊ လက်ဗစ်ဗုံး ၇၆၀၀ ကျော်၊ လက်နက်ငယ်ပြောင်းပို ၅၀၀ ချောင်းနှင့် အခြားခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်မှစတင်ပြီး KNPP/KNDF အဖွဲ့အနေဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ သို့သော် အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးမှုအရ အချို့အဖွဲ့များကို ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း KNPP နှင့် PDF အဖွဲ့များအနေဖြင့် လွိုင်ကော်တက္ကသိုလ်ကို အင်အားအလုံးအရင်းအသုံးပြု ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များအား CDM မပြုလုပ်သည့်အတွက် သတ် ဖြတ်မည်ဟု ခြိမ်းခြောက်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုရန်အတွက် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမအချို့ကိုလည်း ရက်စက်စွာသ-တ်ဖြ-တ်ခဲ့မှုများလည်းရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *