◾ KNPP နှင့် PDF များက ဓားစာခံများကို ရေရှည်ဖမ်းဆီးထားရန်မရ၍ ပြန်လွှတ်ပေးခဲ့ရာ ဓားစာခံ ၂၀၄ ဦးအနက် ၁၁ ဦးသာ ကျန်ရှိဟု ဆို

၂၉. ၁၁. ၂၀၂၃

Written by Nyein Kyaw

လွိုင်ကော်တိုက်ပွဲများအတွင်း ပညာရေးဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် သ-တ် ဖြ-တ် မှုများ သည် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို ချိုးဖောက်လျက်ရှိသဖြင့် လုံးဝလက်သင့်ခံ၍ မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယ‌နေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/၂၀၂၃) တွင် ပြောကြားခဲ့သည်။

“တိုက်ပွဲများ ဖြစ်နေစဉ်အတွင်း စစ်ရေးနှင့် မသက်ဆိုင်သည့် ပညာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို ချိုးဖောက်လျက်ရှိသဖြင့် လုံးဝလက်သင့်ခံ၍ မရကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

This image has an empty alt attribute; its file name is 405424067_122139480818030934_3923543291258230514_n.jpg

လက်ရှိတွင် ဂျီနီဗာကွန်ဗန်းရှင်းပါ အချက်များကို ချိုးဖောက်ခဲ့သည့် KNPP နှင့် PDF များအနေဖြင့် ဓားစာခံများဖြစ်သည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိသားစုဝင်များကို ရေရှည်ဖမ်းဆီးထားရန် မရသည့်အတွက် ၎င်းတို့ကိုယ်တိုင် ပြန်လည်လွှတ် ပေးနေရပြီး လက်ရှိတွင် ဖမ်းဆီးခံဓားစာခံ ၂၀၄ ဦးအနက် ၁၁ ဦးသာ ပြန်လည်ရောက်ရှိရန် ကျန်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

KNPP နှင့် PDF အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ‌ရက်တို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ကာ ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင် ၂၀၀ ကျော်ကို ဓားစာခံအဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လက်ရှိတွင် ပါမောက္ခချုပ်အပါအဝင် နိုင်ငံ့ဝန်ထမ်းငါးဦးနှင့်မိသားစုဝင်များမှအပ ကျန်လူများ ပြန်လွှတ်ပေးထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *