၂၉. ၁၁. ၂၀၂၃
Written by Nay Moe

ပြည်တွင်းစစ်ပြေးဒုက္ခသည် စုစုပေါင်း လေးသန်းကျော်ရှိလာပြီး ၁၀၂၇ စစ်ဆင်ရေးကြောင့် ထွက်ပြေးရတဲ့ ပြည်သူသုံးသိန်းကျော်တိုးလာခဲ့တယ်လို့ အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့လည်ပတ်နေတဲ့ ကိုမင်းဇင်တို့ရဲ့ ISP Myanmar စစ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီဖြစ်စဥ် နွေဦးတော်လှန်ရေးအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း ၄,၀၀၄,၇၁၃ ဦးထက်မနည်း ရှိတယ်လို့ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_13-44-26-718x1024.jpg

ဒီဖြစ်စဥ်မဖြစ်ခင် ပြည်တွင်းမှာ နှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ပြေးဒုက္ခသည်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့တာနဲ့ NLD အစိုးရဟောင်းလက်ထက် ARSA အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘင်္ဂါလီအရေအတွက်ကလည်း ၁,၁၀၃,၃၁၀ ဦးထက်မနည်း ရှိခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေအတွက် ငါးသန်းခွဲကျော် ရှိလာပါတယ်လို့ ISP က ပြောပါတယ်။

နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကျော်တိုက်ပွဲတွေဖြစ်လာချိန် စစ်ပြေးဒုက္ခသည်ကလည်း နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်းကျော်အထိ ရှိလာပြီး လေးသန်းကျော်ထဲက သုံးသိန်းကျော်ဟာ စစ်ဆင်ရေး ၁၀၂၇ စတင်ပြီးနောက်ပိုင်း ထပ်တိုးလာခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ ရဲ့ ထူးခြားချက်က လူနေထူထပ်တဲ့ မြို့ပေါ်တွေ၊ မြို့နေလူထုနဲ့ အနီးဆုံးနေရာတွေမှာပါ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မြို့ပြနေစစ်ဘေးရှောင်တွေလည်း ပါဝင်လာတဲ့ စစ်ပြေးဒုက္ခသည် အရေ အတွက် တိုးလာတာဖြစ်ပါတယ်။ စစ်ဆင်ရေး ၁၀၂၇ နဲ့ ဆက်စပ်နေတဲ့ တိုက်ပွဲတွေကြောင့်ပဲ တရုတ်-မြန်မာ နယ်စပ်နားမှာရှိတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ဒေသထဲ ထွက်ပြေးကြရသလို တချို့ကလည်း တရုတ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ကြပါတယ်။ စစ်ဆင်ရေး ဦးတည်ရာတစ်ခုဖြစ်တဲ့ လောက်ကိုင်မြို့အနီးက ကိုးကန့်နယ်စပ်မျဉ်းမိုင်တိုင် ၁၂၅ စစ်ဘေးရှောင်စခန်းမှာတော့ စစ်ရှောင်ဒုက္ခသည် ၃၅,၀၀၀ ဝန်းကျင် ရောက်ရှိနေပြီး အဲဒီလူတွေထဲမှာ ၁၉၉၂ ခုနှစ်၊ ၁၉၉၅ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေတုန်းက ဖြစ်ခဲ့ကြတဲ့ စစ်ပွဲတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရသူတွေလည်း ပါဝင်ခဲ့ပါတယ်လို့ ISP က ပြောပါတယ်။ (Photo- ISP Myanmar)

Leave a Reply

Your email address will not be published. Required fields are marked *

Related News