၂၉.၁၁.၂၀၂၃
Written By Thandar

ကြော်ငြာဘုရင်မဆိုတဲ့အတိုင်း ပရိသတ်ချစ်ခင်အားပေးမှုကို ယနေ့ထိတိုင် သိမ်းပိုက်နိုင်ခဲ့တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးက ကျန်းမာရေးကြောင့် လက်ရှိဆေးကုသမှု ခံယူနေချိန်မှာ ပရိသတ်နဲ့ ချစ်ခင်ရင်းနှီးလို့ တွေ့ဆုံခဲ့တာကို အမျိုးသမီးချင်းပေးစားပြီး ကောလာဟလသတင်းနဲ့ အကြောင်းမရှာကြပါနဲ့ တောင်းပန်ပါတယ်လို့ ဆိုလာပါတယ်။

ခင်ပွန်းဟောင်း စိုင်းလွှမ်းနဲ့ ပြန်မပေါင်းဖြစ်တော့တာ သေချာနေတဲ့အကြောင်းရင်းကို ပြည်သူပရိသတ်တွေ သိအောင်ချပြလိုက်တယ်ဆိုကာ “ချင်းချင်း”နဲ့ ဖူးစာရှင်ဆိုပြီး ကောလာဟလကို Facebook Page တစ်ခုမှာ တင်ထားတဲ့အပေါ် ဖြေရှင်းလာတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_13-28-04-686x1024.jpg

“တစ်ယောက်ထဲ အေးဆေးနေနေပြန်တော့လည်း အကြောင်းမရှိ အကြောင်းရှာခံရပြန်ပြီ ဘယ်မိန်းမကိုမှ မကြိုက်သလို ဘယ်ယောင်္ကျားကိုမှလည်း မကြိုက်ဘူး။ ကိုယ့်ကိုတန်ဖိုးထားအားပေးတဲ့ ပရိသတ်နဲ့ ချစ်ချစ်ခင်ခင် မရိုက်ရတော့ဘူးလား။ လာပြီးအကြောင်း မရှာကြပါနဲ့။ တောင်းပန်ပါတယ်။ နေမကောင်းလို့ စိတ်ညစ်ရတဲ့အထဲ ဘာမှ မလုပ်ပါဘူး။ ဘယ်သူ့ကိုမှလည်း ဘာမှမပြောပါဘူး။ အေးဆေးနေပါရစေ”လို့ အကယ်ဒမီ ထက်ထက်မိုးဦးက ပရိသတ်သိအောင် ပြောလာပါတယ်။

ထက်ထက်မိုးဦးက လက်ရှိ Live Sale၊ ပွဲတက်တွေ လက်ခံပြီး လုပ်ကိုင်နေသလို ကျန်းမာရေးသိပ်မကောင်းတာကြောင့် ဆေးကုသမှု ခံယူနေတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_13-28-34-832x1024.jpg

နိုဝင်ဘာ ၆ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်က Samitivej Yangon Clinic ဆေးရုံမှာ အသည်းရောဂါ အတွက် စိတ်ပူနေချိန်မှာပဲ အစာအိမ်အတွက် ထပ်မံကုသနေရပြန်ပါတယ်။ ခုတော့ ဆေးသောက် အစာစားချိန်မမှန်၊ အိပ်ချိန် မမှန်တာတွေက ကြာလာရင် ဆေးကုသရတာမို့ အားလုံး ကျန်းမာရေးဂရုစိုက်ကြဖို့ သူမက ပရိသတ်ကို ဝေမျှထားပါတယ်။

“ချင်းတို့က မထက်ကို ချစ်လို့ခင်လို့ ရိုက်ကူးထားတဲ့ ဖိုင်လေးပါ။ ခုလို ပေါက်တက်ကရတွေ လုပ်မယ်လို့လည်း မထင်မိဘူးလေ။ ဒီအတိုင်းလေးပဲ ဗီဒီယိုဖိုင်လေး တင်လိုက်တာပါ။ ပရိသတ်နဲ့ မင်းသမီးဆိုတာ ဒီလို အမှတ်တ ရပုံလေးတွေ ရိုက်ကြပုံလေးတွေက ရှိကြတာပဲလေ။ ကိုယ်ချစ်လို့ ခင်လို့အားပေးတာ။ ပထမဆုံး တွေ့ တာမို့ ချစ်ချစ်ခင်ခင် အမှတ်တရရိုက်ကြတာ ဘာလို့လိုက်ပြီး မဟုတ်တာတွေ ပြောနေဆိုနေကြတာလဲ။ ချင်းအခုမှစပြီး အနုပညာအလုပ်လေးတွေမှာ သေချာလေး ကြိုးစားနေတာမို့ မတိုက်ခိုက်ကြပါနဲ့ရှင်။ ချင်းက မထက်ကို ဒီအတိုင်းလေးပဲ သွားတွေ့လိုက်တာပါ။ မထက်ကိုသွားတွေ့တဲ့ နေရာကိုတော့ ချင်းအနေနဲ့ မပြောပြတော့ပါဘူး။ နှစ်ယောက်လုံးကို အထင်လွဲစရာဖြစ်အောင်လုပ်ထားတယ်။ မထက်နဲ့ ချင်းကို အခုလို မပုပ်ခတ်ကြပါနဲ့”လို့ ချင်းချင်းက MTNews Entertainment ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *