နိုင်ငံ့ဝန်ထမ်းငါးဦးနှင့် မိသားစုဝင်များအပြင် တပ်မိသားစုဝင်သုံးဦးကိုလည်း စစ်ခုံရုံးနှင့် အရေးယူမည်ဖြစ်၍ ကယားလက်နက်ကိုင်များ ဆက်လက်ဖမ်းဆီးခံရသူများ ထောင်ချသ-ဖြ-ခံရနိုင်သည့်အခြေအနေ တွေ့ကြုံနေရ

၂၉. ၁၁. ၂၀၂၃
Written by Nay Moe

ကယားလက်နက်ကိုင်တွေ လွိုင်ကော်တက္ကသိုလ်ကို စီးနင်းသ-ဖြ- ဖမ်းဆီးထားသူတွေထဲက ၈၆ ဦးကို ဒီနေ့ထပ်မံလွှတ်ပေးပြီး ပါမောက္ခချုပ်အပါအဝင်ငါးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ အရေးယူမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အခု သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်တက္ကသိုလ်က ဝန်ထမ်းတချို့ကို သ-ဖြ-ပြီး ၁၉၈ ဦးဖမ်းဆီးသွားခဲ့တယ်လို့ ကနဦးထုတ်ပြန်ထားတဲ့ IEC ဟာ အဓမ္မဖမ်းဆီးသွားတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို “Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးမှု စိစစ်ဆောင်ရွက်ခဲ့ပါတယ်။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စစ်ဆေးတွေ့ရှိချက်အရ SAC နဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့ Non-CDM တွေကို ပထမအကြိမ် အမှုထမ်း ၇၀ နဲ့သူတို့ မိသားစုဝင် ၃၇ ဦး လွှတ်ပေးခဲ့သလို ဒီနေ့ ဒုတိယအကြိမ် အရာထမ်း ၅၉ ဦးနဲ့ သူတို့မိသားစုဝင် ၂၇ ဦး စုစုပေါင်း ၈၆ ဦးကို နယ်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-29_13-01-12-1024x461.jpg

ဒါပေမဲ့ SAC နဲ့ ဆက်နွှယ်ရာမှ အဓိက တာဝန်ရှိတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးအပြင် သက်ဆိုင်မှုမရှိတဲ့ သူတို့ မိသားစုဝင်တွေကိုပါ ကရင်နီပြည်ရဲဌာနက တရားလိုအဖြစ် အမှုဖွင့်တရားစွဲပြီး သက်ဆိုင်ရာ တရားစီရင်ရေးဌာနကို လွှဲပြောင်းပြီး ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမယ်လို့ ထုတ်ပြန်တာကြောင့် င်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးအပြင် သက်ဆိုင်မှုမရှိတဲ့ သူတို့ မိသားစုဝင်တွေပါ သ-ဖြ-ထောင်ချခံရမဲ့အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ တပ်မိသားစုဝင် (၃) ဦးကို စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ သက်ဆိုင်ရာ စစ်ခုံရုံးကို လွှဲပြောင်း အရေးယူမှာဖြစ်လို့ ဒီလူသုံးဦးဟာလည်း ကယားလက်နက်ကိုင်တွေရဲ့ သတ်ဖြတ်ထောင်ချခံရမဲ့အခြေအနေမှာရှိနေသလို Interim Executive Council of Karenni State (IEC) က ဒီနေ့ပြန်လွှတ်ပေးလိုက်တဲ့ လွိုင်ကော်တက္ကသိုလ်က နိုင်ငံ့ဝန်ထမ်းနဲ့ မိသားစုဝင် ၈၆ ဦးကတော့ တောင်ကြီးမြို့ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News