၂၉. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ Uttarakhand ပြည်နယ်၊ Uttarkashi ခရိုင်အတွင်း၌ နိုဝင်ဘာ ၁၂ ရက်က ဖြစ်ပွားခဲ့သော အဝေးပြေးကားလမ်းပေါ်ရှိ တည်ဆောက်ဆဲကားလိုဏ်ခေါင်းပြိုကျမှုကြောင့် ပိတ်မိနေခဲ့သော အလုပ်သမား ၄၁ ဦးအား နိုဝင်ဘာ၂၈ ရက် ညပိုင်းက ဘေးအန္တရာယ်ကင်းစွာဖြင့် အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ဟိမဝန္တာတောင်တန်းများကို ဖောက်လျက် တည်ဆောက်နေသော အဆိုပါ ကားလမ်းလိုဏ်ခေါင်းပြိုကျမှုတွင် အလုပ်သမား ၄၁ ဦးမှာ လိုဏ်ခေါင်းအတွင်း နာရီ ၄၀၀ ကျော် ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 406264606_122139319928030934_3348375181639206360_n.jpg

၎င်းတို့အားလုံးက လိုဏ်ခေါင်းပြိုကျပြီး ၂၄ နာရီအတွင်း၌ပင် အသက်ရှင်လျက် ရှိနေကြကြောင်း ပြန်လည်၍ အဆက်အသွယ် ရခဲ့သော်လည်း အလုပ်သမားများကယ်ထုတ်ရေးလုပ်ငန်းစဥ်မှာ အခက်အခဲများ၊ အတားအဆီးများ၊ နှောင့်နှေးမှုများစွာတို့ဖြင့်ကြုံတွေ့ကာ ၁၇ ရက်ကြာအောင် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ကြရခြင်း ဖြစ်သည်။

ထိုအလုပ်သမားများကို ကယ်ဆယ်ရေးအထွက်ပိုက်က ပိတ်မိ အလုပ်သမားများထံ ရောက်ရှိရန် ပြိုကျနေသော လမ်းလိုဏ်ခေါင်းကို ၁၇ ရက်ကြာ ပြန်လည်တူးဖော်ခဲ့ရသည်။ ပိတ်နေသောအပျက်အစီးများအား တူးဖော်ဖယ်ရှားရာတွင် စက်ယန္တရားကြီးများဖြင့် တူးဖော်မှုက မအောင်မမြင်ဖြစ်ခဲ့ရပြီးနောက် ပိတ်မိ အလုပ်သမားများထံ ကယ်ဆယ်ရေးအထွက်ပိုက်လိုင်းရောက်ရှိစေရန် Rat-hole mining ခေါ် လက်ဖြင့်သာ တူးဖော်မှုကျွမ်းကျင်သူအဖွဲ့ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 406352054_122139319874030934_6674052341870303734_n.jpg

လိုဏ်ခေါင်းအတွင်းပိတ်မိနေသော အလုပ်သမားများမှ ပထမဆုံးတစ်ဦးကို နိုဝင်ဘာ ၂၈ ရက် ည ရှစ်နာရီခန့်တွင် ကယ်ဆယ်ရေးပိုက်လိုင်းမှ ထွက်လာသည်ကို တွေ့ကြရပြီး သြဘာလက်ခုပ်သံများနှင့်အတူ ပန်းကုံးများစွပ်၍ ၎င်းတို့အားကြိုဆိုခဲ့ကြသည်။ ထို့နောက်တွင်မူ ပိတ်မိအလုပ်သမားများက တစ်ဦးပြီးတစ်ဦး ကယ်ဆယ်ရေးပိုက်လိုင်းမှ ထွက်လာနိုင်ခဲ့ကြခြင်းဖြစ်သည်။

အလုပ်သမားများက ကားလမ်းလိုဏ်ခေါင်း ဖောက်လုပ်နေကြစဥ် နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းတွင် လိုဏ်ခေါင်းအမိုးပိုင်းပြိုကျမှုဖြစ်ကာ လိုဏ်ခေါင်းအဝနှင့် ၎င်းတို့အကြား မီတာ ၆၀ ကျော်အကွာအဝေးမှာ ကွန်ကရစ်အကျိုးအပဲ့များ၊ ကျောက်တုံးများနှင့်သတ္တုအပိုင်းအစများစသည်တိုဖြင့် အပျက်အစီးမျိုးစုံ ထူထပ်စွာပိတ်နေခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးဆောင်ရွက်နေသည့် ၁၇ ရက်ကြာကာလအတွင်း ပိတ်မိအလုပ်သမားများထံ ရေပိုက်အသေးလေးတစ်ခုမှ အောက်ဆီဂျင်၊ အစားအစာ၊ ရေနှင့်ဆေးဝါးများပေးပို့နေခဲ့ရခြင်းဖြစ်သည်။ အာဏာပိုင်များ၏ ပြောကြားချက်များအရ အလုပ်သမားများမှာ ပိတ်မိနေစဥ်ကာလအတွင်း စိတ်ပိုင်းဆိုင်ရာကျန်းမာမှုလည်းရှိနေကြကာ အချို့ဆိုလျှင် ယောဂ တရားလေ့ကျင့်ခြင်းများနှင့်ခရစ်ကတ်ကစားခြင်းတို့ကိုပင် ပြုလုပ်နေခဲ့ကြကြောင်းသိရသည်။

Ref; The Guardian

Leave a Reply

Your email address will not be published. Required fields are marked *

Related News