၂၅. ၁၁. ၂၀၂၃
Written by MMAK

နိုင်ငံပွဲစဥ်တွေကြောင့် ခဏတာဝေးကွာခဲ့ရတဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကလင်းအသင်းတွေရဲ့ အားပြိုင်မှုတွေ ဒီတစ်ပတ်မှာ ပြန်မြင်ရမှာပါ။ ဒီလိုမျိုး ပြန်စတင်တဲ့ရက်သတ္တပတ်မှာပဲ စိတ်လှုပ်ရှားစရာပွဲကြီးအဖြစ် မန်စီးတီးနဲ့လီဗာပူးလ် ထိပ်တိုက်တွေ့ဆုံတာမျိုးအပြင် ဘယ်အသင်းတွေက အကျိုးအမြတ်ရနိုင်မလဲ တွေးဆစရာပွဲတွေလည်း ပါဝင်နေတာမို့လို့ အကောင်းဆုံးအကျိုးအမြတ်ရနိုင်တာတွေ ခန့်မှန်းအဖြေရှာပေးလိုက်ပါတယ်။

◾ မန်စီးတီး Vs လီဗာပူးလ်

အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုဖြစ်သလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းနှစ်သင်းလည်း ဖြစ်ပါတယ်။ အရည်အသွေးမြင့် ကစားသမားတွေ ပိုင်ဆိုင်ထားကြသလို နည်းပြတွေရဲ့နည်းဗျူဟာ ပြိုင်ဆိုင်မှုတွေနဲ့အတူ ထိပ်တိုက်တွေ့ဆုံမှုတိုင်း ဖျော်ဖြေမှု အမြဲတမ်းပေးတဲ့ နှစ်သင်းပါ။ မန်စီးတီးအသင်း အထက်ကြေးပေးထားသလို အိမ်ကွင်းအားသာချက် ရှိနေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း အဝေးကွင်းဖြစ်နေပေမဲ့ ပိတ်ကစားလာမှာ မဟုတ်ဘဲ သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်စစ်ကစားပြီး အရှုံးအနိုင်ပေါ်အောင် ကစားမဲ့ပွဲ ဖြစ်တာကြောင့် နှစ်ဖက်စလုံး သွင်းဂိုးတွေ မြင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတိုင်း အပြန်အလှန် သွင်းဂိုးတွေနဲ့ ကြည့်ကောင်းခဲ့သလို ဒီပွဲမှာလည်း သွင်းဂိုးတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တာကို တွေ့ရဦးမှာပါ။ နှစ်ဖက်သွင်းဂိုးတွေ မြင်ရဖို့ ရှိတာကြောင့် ဂိုးပေါ် တစ်မျိုးတည်းကိုပဲ ရွေးချယ် ထားချင်ပါတယ်။

◾ နယူးကာဆယ် Vs ချလ်ဆီး

ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံတိုင်း အမြဲတမ်းဒုက္ခပေးတတ်တာ နယူးကာဆယ် အသင်းဖြစ်ပါတယ်။ ရေနံလောင်းပြီးနောက်ပိုင်း နယူးကာဆယ်အသင်း အဆင့်တစ်ခုရောက်လာသလို  အသင်းကြီးစာရင်းတောင် ဝင်လာပါတယ်။ ပြီးခဲ့တဲ့ အပတ် မန်စီးတီးနဲ့ပွဲမှာ ချဲလ်ဆီးအသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို တွေ့မြင်ခဲ့ရသလို ချဲလ်ဆီးအသင်း ပြန်လာပြီလို့ အားလုံးထင်ကြေးပေးနေချိန် ဆုံလာတာလည်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်း အဓိကတိုက်စစ်မှူးတွေ ဒဏ်ရာရနေတဲ့အတွက်ရယ် ချဲလ်ဆီးအသင်း ပုံစံကောင်း ပြနေသလို ဒဏ်ရာရကစားသမားတွေ ပြန်လည်ပါဝင်လာနိုင်တဲ့အတွက်ကြောင့် အဝေးကွင်း ချဲလ်ဆီးအသင်းက ကြေးပြန်ပေးထားပါတယ်။ အဝေးကွင်းမှာ ချဲလ်ဆီး မရှုံးနိုင်သလို သရေနဲ့ အနိုင်ပဲလို့ ယူဆထားတဲ့ အတွက်ကြောင့် ဆယ်ပြားရင်းပြီး ချဲလိဆီးအသင်းကို ရွေးချယ်ထားတာ အကောင်းဆုံး ဖြစ်မှာပါ။

◾ လူတန်တောင်း Vs ခရစ္စတယ်ပဲလေ့စ်

လူတန်တောင်းအသင်း ကစားပုံမဆိုးသလို ကစားသမားတွေ အင်တိုက်အားတိုက် ကစားတာမျိုးတွေ့လာရပါတယ်။ ကွင်းလယ်က နမ်ကမ်ဘာနဲ့ ဘာကလေတို့ အတွဲမိနေသလို တိုက်စစ်မှူး မောရစ်ရဲ့ ပြေးထွက် အကွက်မြင်မှုတွေက အချိတ်အဆက်ပိုမိလာပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ခြေစွမ်းမှန်းရခက်တဲ့ အသင်းမျိုးဖြစ်သလို  အဝေးကွင်းလည်း ဖြစ်နေတာကြောင့် ခက်ခက်ခဲခဲ ရုန်းကန် ကစားသွားရမဲ့ပွဲလို့ မြင်မိပါတယ်။ အဝေးကွင်း ပဲလေ့စ်အသင်း အထက်
ကြေးပေးထားပေမဲ့ အိမ်ရှင်လူတန်တောင်းအသင်း သရေလောက် ကစားသွားနိုင်မဲ့ အနေအထားကြောင့် သရေကျရင် ကြေးစားရမှာဖြစ်တဲ့အိမ်ရှင်လူတန်​တောင်း အသင်းကို ရွေးချယ်ထားချင်ပါတယ်။

◾ ဘန်လေ Vs ဝက်စ်ဟမ်း

ဘန်လေအသင်း နောက်ဆုံး ခြောက်ပွဲဆက်တိုက် ရှုံးထားသလို ခံစစ်က ပေးဂိုးတွေ အများကြီး ခွင့်ပြုထားရတာကြောင့် ဇယား အောက်ဆုံးမှာ ရောက်နေပါတယ်။ ကစားပုံ ညံ့သလို ကစားသမားတွေ ယုံကြည်မှု ပျောက်ဆုံးနေတာက အဓိကပြဿနာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ အဓိကတိုက်စစ်မှူး အန်တိုနီယို ဒဏ်ရာရနေတာကြောင့် ဝက်စ်ဟမ်းအသင်းကြေးပျော့နေပေမဲ့ အစားထိုးစရာ ကစားသမားရှိနေတာရယ် တိုက်စစ်ကစားပုံ ကောင်းတဲ့အတွက်ကြောင့် ဝက်စ်ဟမ်းအသင်း ကပ်နိုင်သွားဦးမှာပါ။ ဒါကြောင့် အဝေးကွင်း ဝက်စ်ဟမ်းကို ရွေးချယ် ထားချင်ပါတယ်။

◾ နော်တင်ဟန်ဖောရက် Vs ဘရိုက်တန်

နော်တင်ဟန်ဖောရက်အသင်း ကစားပုံကောင်းသလို တန်ပြန်တိုက်စစ် တော်တော်ကောင်းတဲ့ အသင်းပါ။ အိမ်ကွင်းဆို အင်တိုက်အားတိုက် ကစားတတ်သလို အိမ်ကွင်းမာကျောမှူအပြည့်ရှိတဲ့ အသင်းဖြစ်ပါတယ်။ ဘရိုက်တန်အသင်း အဓိကကစားသမားတွေ ဒဏ်ရာရနေသလို အဝေးကွင်းဖြစ်နေတာကြောင့် ခက်ခက်ခဲခဲ ရင်ဆိုင်ကစားရဖို့ရှိပါတယ်။ အဝေးကွင်း ဘရိုက်တန် ကြေးပါးပါးလေး ပေးထားနိုင်သလို အဝေးကွင်းမှာ နိုင်ပွဲရယူသွားဖို့ မလွယ်ကူတဲ့ပွဲပါ။ အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်း အနိမ့်ဆုံး သရေကစားနိုင်မဲ့ပွဲ ဖြစ်ပါတယ်။ သရေကျရင်တောင် အမြတ်ရဦးမှာဖြစ်တဲ့ အိမ်ရှင်နော်တင်ဟန်ဖောရက်အသင်းကို စိတ်ကြိုက် အပိုင်တစ်ကွက်အဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

◾ ရှက်ဖီးU Vs ဘုန်းမောက်

ရှက်ဖီး အသင်း နောက်ဆုံးနှစ်ပွဲမှာ လေးမှတ်ရယူထားနိုင်ခဲ့ပြီး ရုန်းကန်အားတစ်ခုကို မြင်လာရပါတယ်။ ဘုန်းမောက်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာရခဲ့သလို အခုအိမ်ကွင်းပွဲအတွက် သေသေချာချာ ပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ ဘုန်းမောက်အသင်းတိုက်စစ်ကစားပုံ ကောင်းသလို ပြီးခဲ့တဲ့အပတ် နယူးကာဆယ်နဲ့ပွဲမှာ တော်တော်လေးကောင်းတဲ့ကစားပုံမျိုး မြင်ခဲ့ရပါတယ်။ အဝေးကွင်း ဘုန်းမောက်အသင်း အထက်ကြေးပေးထားသလို တိုက်စစ် ကစားပုံကောင်းတဲ့အတွက်ကြောင့် ဂိုးသွင်းနိုင်မယ်လို့ ယူဆပါတယ်။အိမ်ရှင် ရှက်ဖီးအသင်းကလည်း အိမ်ကွင်းမှာ ပိတ်ကစားမှာ မဟုတ်ဘဲ အနိုင်ရအောင် ကြိုးစားလာမဲ့ပွဲလို့ထင်ပါတယ်။ နှစ်ဖက်သွင်းဂိုးတွေ မြင်ရဖို့ရှိသလို တစ်ဖက်တစ်ဂိုးစီ သေချာပေါက်ရမဲ့ပွဲ ဖြစ်ပါတယ်။ နောက်တစ်ဂိုး ဘယ်အသင်းသွင်းမလဲ စောင့်ကြည့်ရင်း ဂိုးပေါ် တစ်ကြောင်းတည်းကိုပဲရွေးချယ်ထားစေချင်ပါတယ်။

◾ ဘရန့်ဖို့ Vs အာဆင်နယ်

ဘရန့်ဖို့ အိမ်ကွင်းကောင်းသလို တိုက်စစ်ကစားပုံကောင်းတဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ အဝေးကွင်းပွဲစဉ်မှာ သူတင်ကိုယ်တင် ကစားသွားနိုင်တဲ့ အသင်းမျိုးဖြစ်ပါတယ်။ ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ လီဗာပူးလ်အသင်းထိပ်တိုက်တွေ့နေတာကြောင့် အာဆင်နယ်အသင်း ဒီပွဲကို သေချာ အာရုံစိုက်ထားမှာ သေချာပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ကြေးပြင်းပြင်းပေးထားသလို အာဆင်နယ်အသင်း ဂိုးသွင်းနိုင်မယ်လို့ ယူဆထားတဲ့ ကြေးမျိုးပေးထားပါတယ်။ အိမ်ရှင်ဘရန့်ဖို့အသင်း အိမ်ကွင်းမှာ ဂိုးသွင်းနိုင်မှာ သေချာသလို အာဆင်နယ်အသင်းလည်း ဂိုးသွင်းနိုင်မှာ သေချာပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ကြည့်ကောင်းမဲ့ပွဲ ဖြစ်လာမှာပါ။ ဒီတော့ ဂိုးပေါ်တစ်ကြောင်းတည်းကိုဘဲ စိတ်ကြိုက်ဆွဲဖို့ ရွေးချယ်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *