၂၁. ၁၁. ၂၀၂၃
Written By Thandar

အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုရသတွေကို ဖော်ကျူးထားတဲ့ “မုသားဖြင့် စီရင်အပ်သော” ဇာတ်လမ်းတွဲမှာ ခင်လန်းဆန်းဆိုတဲ့အတိုင်း ငယ်ရွယ်တဲ့မိန်းကလေးပုံစံ၊ အချစ်နဲ့ပတ်သက်ရင် အတ္တလည်းကြီးတဲ့သူနေရာက သရုပ်ဆောင်ထားတယ်လို့ သရုပ်ဆောင် နော်ဖောအယ်ထားက ပြောပါတယ်။

“မုသားဖြင့်စီရင်အပ်သော ဆိုတဲ့ ဇာတ်လမ်းတွဲလေးက စပြနေပါပြီ။ နော်ဖောက ဒီဇာတ်လမ်းတွဲထဲမှာ ခင်လန်းထက်ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီထဲမှာ ခင်လန်းဆန်းကကြတော့ ဟိုးလေး(ခ)ညိမ်းသော်ကို အရမ်းချစ်တဲ့သူဖြစ်တယ်။ သူ့ကို လာကြိုက်တဲ့ ကောင်လေးတွေ အများကြီးကို ခါချလိုက်တယ်၊ စိတ်မဝင်စားဘဲနဲ့ ဟိုးလေးကို သဘောကျသွားတယ်။ ကိုယ်က ခင်လန်းဆန်းဆိုတဲ့အတိုင်း ငယ်ရွယ်တဲ့ မိန်းကလေးပုံစံ။ အချစ်နဲ့ပတ်သက်ရင် အတ္တလည်း ကြီးတဲ့သူပေါ့။ သူ့ရဲ့ အချစ်ဦးကလည်း ဟိုးလေး တစ်ယောက်ပဲ ဖြစ်တဲ့အတွက် သူက သူချစ်သလောက် ၁၀၀ ရာခိုင်နှုန်း အပြည့်ချစ်စေချင်တဲ့ ကောင်မလေးနေရာက နေ ပါဝင်ထားတာပါ”လို့ နော်ဖောအယ်ထားက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_16-43-27-819x1024.jpg

ဒီဇာတ်လမ်းတွဲက လမင်းမိုမိုရဲ့ ဝတ္ထုကို ဇာတ်ညွှန်း မင်းညီရေးသားထားပြီး ဒါရိုက်တာ နေပိုင်က သရုပ်ဆောင် အကယ် ဒမီ ကျော်ရဲအောင်၊ ထွန်းကိုကို၊ ညိမ်းသော်၊ အကယ်ဒမီ ချောရတနာ၊ နော်ဖောအယ်ထား အစရှိတဲ့ အနုပညာရှင်များစွာနဲ့ ရိုက်ကူးထားတာလည်း ဖြစ်ပြီး နိုဝင်ဘာ ၁၈ ရက်ကစ မဟာအက်ပလီကေးရှင်းကနေ ထုတ်လွှင့်ပြသနေပါတယ်။

“ကျွန်တော်က အသည်းကွဲတဲ့ လူငယ်လေးတစ်ယောက်ပေါ့။တစ်နေ့မှာ သူငယ်ချင်းရဲ့ မွေးနေ့ပွဲသွားရင်းနဲ့ ခင်လန်းဆန်းနဲ့ တွေ့ခဲ့တာပါ။ အဲဒီကနေပြီး အိမ်ထောင်ကျတဲ့အချိန်မှာဖြစ်လာတဲ့ အကြောင်းအရာတွေကိုတော့ ပရိသတ်တွေ ဆက်လက်စောင့်ကြည့်ကြပါ။ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းပုံစံလေး ဖြစ်မှာပါ”လို့ သရုပ်ဆောင် ညိမ်းသော်ကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-21_16-43-37-647x1024.jpg

မုသားဖြင့် စီရင်အပ်သော ဇာတ်လမ်းတွဲကို HD Quality နဲ့ လက်ရှိ အပိုင်း ၄ အထိ Mahar Application ကြည့်ရှုနိုင်မှာဖြစ်ပြီး ယခင် ထုတ်လွှင့်နေကြ ဇာတ်လမ်းတွဲတွေလို ပရိသတ်စိတ်ကို ဆွဲခေါ်နိုင်မလားဆိုတာ စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News