၁၉. ၁၁. ၂၀၂၃
Written by Nay Moe

PDF များက သားအဖနှစ်ဦးကို သတ်ဖြတ်ပြီး ဇနီးမောင်နှံနှစ်ဦးကို လုပ်ကြံ၍ ဒဏ်ရာရရှိမှုများ နိုဝင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အားစိစစ်ခဲ့ရာ အင်ကြင်းမြိုင်ရပ်ကွက်၊ ကျွန်းလှ-ကြာတက္ကန်ကျေးရွာသွားလမ်းဘေးရှိ ကျွန်းစိုက်ခင်းတွင် ခြံစောင့်အဖြစ်လုပ်ကိုင်နေသူ အဆိုပါရပ်ကွက်နေ ဦးထွန်းမြင့်(၆၀)နှစ်နှင့် ၎င်း၏သားဖြစ်သူ ဟန်နိုင်လင်း (၂၅)နှစ် တို့နှစ်ဦးအား PDF အဖွဲ့ (အင်အားစိစစ်ဆဲ) က သေနတ်၊ ဓားများဖြင့် ထိုးခုတ်ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ည ၉ နာရီခွဲအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကုန်းကြီး ကျေးရွာနေ ဦးထွန်းထွန်းဝင်း(ခ)ကိုထွန်း (၅၃)နှစ် နှင့် ၎င်း၏ဇနီးဖြစ်သူဒေါ်အေးအေးမာ (၅၁)နှစ် တို့သည် နေအိမ်တွင်ရှိနေစဉ် PDF ရှစ်ဦးမှ ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းထွန်းဝင်းနှင့် ဒေါ်အေးအေးမာ တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ယခုနှစ်နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်အပါအဝင် သံဃာ တော်များ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *