၁၉. ၁၁. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသော သင်္ဘောမီးလောင်မှု ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
သင်္ဘောမှာ ၃ ထပ်သင်္ဘောဖြစ်ပြီး ကုန်းပတ်ပေါ်တွင် မီးလောင်နေခြင်းဖြစ်ကြောင်း အဆိုပါ မီးလောင်မှုမှာ မွန်းလွဲ ၁၂ နာရီ ၃၀ တွင် မီးငြိမ်းသွားကြောင်း ကနဦး သိရသည်။
သင်္ဘောမီးလောင်မှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြသည်။

