December 11, 2023

၂၀. ၁၁. ၂၀၂၃
Written by Nay Moe

အသက် ၆၀ ပတ်လည် ဇနီးမောင်နှံနှစ်ဦးကို PDF ၂၀ ခန့်က လာရောက်သတ်ဖြတ်ကြပြီး မီးရှို့ အလောင်းဖျောက်ခဲ့လို့ သေနတ်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးသွားရမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်စဥ်က နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီအချိန်မှာတနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဆင်ကူး ကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖြစ်စဉ်ကို သွားရောက် စိစစ်ခဲ့တာလို့ သိရပါတယ်။ ဖြစ်စဥ်အရ နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီခွဲအချိန်မှာ ဆင်ကူးကျေးရွာနေ ဦးသိန်းထွန်း(၆၂)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်း (၅၇)နှစ်တို့ဟာ ကျေးရွာအနီးက ဥယျာဉ်ခြံစောင့်တဲမှာ ရှိနေချိန် PDF ၂၀ ခန့်ရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ် ခြံစောင့်တဲပါ မီးရှို့ဖျက်ဆီးသွားခဲ့တာပါ။

ဒါကြောင့်မို့လို့ ဦးသိန်းထွန်းနဲ့ ဒေါ်ဖြူဖြူသန်းတို့ ဇနီးမောင်နှံဟာ ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာတွေ ရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ တာဝန်ရှိသူတွေက သတ်ဖြတ်၊ အလောင်းဖျောက်မှုကျုးလွန်တဲ့ PDF တွေကို အမှုဖွင့်လှစ် စုံစမ်းနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *