၂၀. ၁၁. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ Grand Niran ဟိုတယ်တွင် ထိုင်ဝမ်လူမျိုးတစ်ဦး အသ-တ်ခံရခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသား တစ်ဦးနှင့် ကင်မရွန်းနိုင်ငံသားတစ်ဦးတို့ကို ဖမ်းဆီးလိုက်ပြီး အမျိုးသမီးတစ်ဦးကို စုံစမ်းရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

အသက် ၄၇ နှစ်အရွယ်ရှိ ထိုင်ဝမ်လူမျိုး Chu Chang- sheng ဆိုသူကို ပြီးခဲ့သော နိုဝင်ဘာ ၁၆ ရက်တွင် ၎င်းတည်းခိုနေသည့် ဘန်ကောက်မြို့ Bang Na အရပ်ဒေသရှိ Grand Niran ဟိုတယ်၏ ခြောက်ထပ်ရှိအခန်းတွင် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဘန်ကောက်မြို့ရဲတပ်ဖွဲ့က ဆိုသည်။ ဘန်ကောက်မြို့ရဲတပ်ဖွဲ့သည် အဆိုပါ ထိုင်ဝမ်နိုင်ငံသားသေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းရှာဖွေခဲ့ရာ လူသ-တ်မှုကျူးလွန်သူအဖြစ် သံသယရှိသည့် မြန်မာနိုင်ငံသားတစ်ဦးနှင့် ကင်မရွန်းနိုင်ငံသားတစ်ဦးတို့ကို နိုဝင်ဘာ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

This image has an empty alt attribute; its file name is photo_2023-11-20_15-42-06.jpg

ဖမ်းဆီးခဲ့သော ကင်မရွန်းနိုင်ငံသား John Agbor ဆိုသူက ၎င်းအနေဖြင့်ကိုယ်တိုင် လူသ-တ်မှုမကျူးလွန်ကြောင်း ထုတ်ဖော်ပြောဆိုသော်လည်း လူသ-တ်မှုဖြစ်ပွားချိန်တွင် အခင်းဖြစ်နေရာ၌ ရှိနေကြောင်း ထွက်ဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ဖမ်းဆီးခဲ့သူများထဲတွင် ပါဝင်သော အသက် ၂၁ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားဖြစ်သူ ဇွဲလင်းပြည့် ဆိုသူက ထိုင်ဝမ်လူမျိုး Chu Chang-sheng ကို သ-တ်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

ဇွဲလင်းပြည့်က ၎င်းအနေဖြင့် အမျိုးသမီးတစ်ဦးမှ အွန်လိုင်းမှတစ်ဆင့် ငှားရမ်းခြင်းကို ခံရပြီးနောက် ထိုင်ဝမ်အမျိုးသားကို သ-တ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထား သည်။ အသ-တ်ခံရသော ထိုင်ဝမ်လူမျိုးသည် နိုဝင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ပြီး ဟိုတယ်အတွင်း ၎င်း၏ စီးပွားရေးမိတ်ဖက်ဖြစ်သူ John Agbor နှင့် တွေ့ဆုံစကားပြောဆိုခဲ့ရာမှ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-20_15-42-03.jpg

John Agbor ၏ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးသည် Chu Chang-sheng ကြောင့် ၎င်းတို့ငွေကြေးများ ဆုံးရှုံးနစ်နာခဲ့ရခြင်းကို စိတ်ဆိုးဒေါသဖြစ်နေခဲ့ကြောင်း၊ Chu Chang-sheng ကိုလုပ်ကြံသ-တ်-ဖြ-တ်ရန် လူငှားရမ်းခြင်းများရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုင်းအမျိုးသမီးသည် ထိုင်ဝမ်အမျိုးသားကို လုပ်ကြံသ-တ်-ဖြ-တ်ရန်အတွက် မြန်မာနိုင်ငံသားတစ်ဦးကို အွန်လိုင်းမှတစ်ဆင့် ငှားရမ်းခဲ့ကြောင်း သိရသည်။

ထိုင်ဝမ်လူမျိုးအမျိုးသားသည် မသေဆုံးခင် ချုပ်နှောင်ရိုက်နှက်ခံထားရပြီး ဦးခေါင်းတွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် ထိုင်ဝမ်အမျိုးသားကိုသ-တ်-ဖြ-တ်ရန် စီစဉ်ခဲ့သော ထိုင်းအမျိုးသမီးကို ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

Ref; thailanddailynews.

Leave a Reply

Your email address will not be published. Required fields are marked *