October 22, 2024

၂၀. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ရွေးကောက်ပွဲကျင်းပသွားမည့်အစီအစဉ်ကို ဆန့်ကျင်သောအားဖြင့် နိုင်ငံတစ်ဝန်း ၄၈ နာရီကြာဆန္ဒပြပွဲကို နိုဝင်ဘာ ၁၉ ရက်မှစ၍ အတိုက်အခံပါတီများဖြစ်သော BNP ပါတီ၊ Jamaat ပါတီနှင့် အခြားစိတ်ဆန္ဒတူပါတီများက စုစည်းဦးဆောင်ကာ ပြုလုပ်လျက်ရှိကြကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်က မဲပေးရမည့်ရက်များသတ်မှတ်ချက်အစီအစဉ်ကို ကြေညာခဲ့ပြီးနောက်တွင် အတိုက်အခံပါတီများ၏ ပထမဆုံးအကြိမ် ပူးပေါင်းဆန့်ကျင်မှုပြုကြသော ဆန္ဒပြပွဲလည်းဖြစ်သည်။

ဆန္ဒပြပွဲ၏ ပထမနေ့ဖြစ်သော နိုဝင်ဘာ ၁၉ ရက်တွင် နေရာကွက်ကြား မီးရှို့မှုများနှင့် တိုက်ခိုက်မှုများကိုတွေ့ခဲ့ရကာ Sunamganj ခရိုင်အတွင်း၌ ရဲနှင့် BNP ပါတီဝင်ဆန္ဒပြသမားများတိုက်ခိုက်မှုတွင် လူဆယ်ဦးဒဏ်ရာရခဲ့ပြီး မူလတန်းကျောင်းတစ်ကျောင်း၊ ယာဉ်အချို့နှင့် ရထားတစ်စီးပါ မီးရှို့ဖျက်စီးခံခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-11-20_15-12-54.jpg

နိုဝင်ဘာ ၂၀ ရက်တွင်မူ နယ်ခြားစောင့်တပ်ဖွဲ့များမှ တပ်စု ၂၃၅ စုနှင့် အကြမ်းဖက်မှုအမြန်တုံ့ပြန်ရေးတပ်ရင်းမှ ကင်းလှည့်အဖွဲ့ ၄၆၀ တို့ကို ဒက်ကာနှင့်အခြားမြို့ကြီးများတွင် တပ်ချထားသည်ကို တွေ့ရသည်။ မြို့တော် ဒက်ကာ၌ဆိုလျှင် ဥပဒေစိုးမိုးရေး လုံခြုံရေးတပ်ဖွဲ့များကို ပိုမိုချထားလာသည်ကိုတွေ့ ရကြောင်း သတင်းများကဖော်ပြခဲ့သည်။ ဒက်ကာမြို့တွင် နိုဝင်ဘာ ၂၀ ရက်အစောပိုင်း၌ တင်းမာမှုများ မြင့်တက်နေဟန်ရှိပြီး အကြမ်းဖက်တိုက်ခိုက်မူများဖြစ်ပေါ်လာမည်ကို စိုးရွံ့နေကြကာ နံနက် ၉ နာရီအထိ ကား ၁၆ စီးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် နံနက် ၉ နာရီအထိ နိုင်ငံတစ်ဝန်း မီးရှို့တိုက်ခိုက်မှုအနည်းဆုံး ၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒက်ကာမြို့တွင် လေးကြိမ်၊ စစ်တကောင်းမြို့တွင် လေးကြိမ်၊ ရတ်ဂျ်ရှာဟီးမြို့တွင် ခုနှစ်ကြိမ်နှင့် မိုင်မင်ဆင်းမြို့တွင် တစ်ကြိမ် ဖြစ်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကို နိုဝင်ဘာ ၂၁ ရက် နံနက် ၆ နာရီအထိ ပြုလုပ်သွားကြမည်ဟု သိရသည်။

Ref——Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *