၂.၁၁. ၂၀၂၃

Written By Treasure

နိုဝင်ဘာ ၅ ရက်မှာ ကမ္ဘောဒီးယား ဆီးဂိမ်းချန်ပီယံ ပရွန်ဆန်နမ်နဲ့ ထိုးသတ်ဖို့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေတဲ့ ဒေဗ့်ဟာ ဒီနေ့ ‌နိုဝင်ဘာ ၂ ရက်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တွေ့ဆုံခွင့်ရရှိမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုပြီး ပရွန်ဆန်နမ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ဒေဗ့်ဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နဲ့ ‌တွေဆုံရမှာနဲ့ ပတ်သက်ပြီး “ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်နဲ့ တွေ့ဆုံခွင့် ရရှိမယ့်အတွက် အလွန်ဝမ်းသာမိပါတယ်။ ကမ္ဘောဒီးယားမှာ အအောင်မြင်ဆုံး တိုက်‌ခိုက်ရေးပညာရှင်ဖြစ်တဲ့ ပရွန်ဆန်နမ်နဲ့ ထိုးသတ်မယ့်ပွဲကို စိတ်ဝင်စားတဲ့အတွက် အရမ်းဝမ်းသာပြီး ဂုဏ်ယူမိပါတယ်။ ကမ္ဘာကို မြန်မာရဲ့ရိုးရာအားကစားနည်းကို ပြသရမှာဖြစ်တဲ့အ‌တွက် ဂုဏ်ယူမိပါတယ်”လို့ သူရဲ့လူမှုကွန်ရက်စာမျက်နှာ ရေးသားခဲ့ပါတယ်။

This image has an empty alt attribute; its file name is 398551292_122124122972040280_2638021639624986757_n-1024x996.jpg

ဒေဗ့်ဟာ နိုဝင်ဘာ ၁ရက်က ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိခဲ့ပြီး ကမ္ဘောဒီးယားပရိသတ်တွေရဲ့ ကြိုဆိုမှုကိုခံခဲ့ရပါတယ်။ ကမ္ဘောဒီးယားကို ပထမဆုံးအကြိမ် ရောက်ရှိချိန်မှာ အခုလိုကြိုဆိုပေးကြတဲ့ ကမ္ဘောဒီးယားသားတွေကို ချစ်ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားစတားကိုတော့ အနိုင်ရရှိအောင် ထိုးသတ်သွားမှာပါလို့ ဒေဗ့်က ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယား ဆီးဂိမ်းချန်ပီယံ ပရွန်ဆန်နမ်နဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ဒေ့ဗ်တို့ဟာ နိုဝင်ဘာ ၅ ရက်မှာ ထိုးသတ်မှာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်နဲ့ ယူကျူ့မှာ တိုက်ရိုက် ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *