April 29, 2024

MT News

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့မှာ တည်ရှိတဲ့ သမိုင်းဝင်ကျိုက်မှော်ဝန်း ရေလယ်ဘုရားကို ဒီနေ့ အောက်တိုဘာ ၂၉ ရက်မှာ ကျရောက်တဲ့သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့မှာ ဘုရားဖူးပြည်သူတွေ စည်ကားများပြားစွာ လာရောက်ဖူးမျှော်နေကြတဲ့ မြင်ကွင်းကိုတွေ့မြင်ရပါတယ်။

ရန်ကုန်တိုင်းအတွင်းက ခရမ်း၊ သုံးခွ၊ ရွေပြည်သာ၊ မြောက်ဥက္ကလာ၊ ထောက်ကြံ့၊ အင်းစိန် စတဲ့ မြို့နယ်တွေကနေ ဘုရားဖူးကားတွေ၊ စင်းလုံးငှားယာဥ်တွေနဲ့ လာရောက်လည်ပတ်ကြတာလည်း တွေ့ရပါတယ်။

အခါကြီးရက်ကြီးတွေမှာ ဆင်ခြေဖုံးမြို့နယ်မှာနေထိုင်ကြတဲ့ လုပ်သားပြည်သူအပေါင်းက တစ်နေ့တာလည်ပတ်ဖို့အတွက် စပ်ဟပ် စုပေါင်းပြီး ကားငှားကာထွက်လာကြတာပါ။ ထမင်းချိုင့်တွေနဲ့ ချက်ပြုတ်ထည့်လာကြပြီး မိသားစု မိတ်ဆွေတွေ ဝိုင်းဖွဲ့ စားသောက်ကြရတာကလည်း ပျော်စရာ အပန်းပြေစရာ အလေ့အထတစ်ခုလည်း ဖြစ်ပါတယ်။

သန်လျင်၊ ကျောက်တန်းမြို့နယ်တစ်ဝိုက်မှာရှိတဲ့နတ်စင်တစ်ရာဘုန်းတော်ကြီးကျောင်း၊ ကျိုက်ခေါက်စေတီ၊ ပီလခတ်ဟိန္ဒူဘုရားကျောင်း၊ အဲ့ဒီကနေ ရှေးဟောင်းမီးပြတိုက် တည်ရှိတဲ့ ဇွဲဘာကမ်းခြေဆီကို ဆက်လက်လည်ပတ်ကြမယ့် ခရီးလမ်း ကြောင်းတွေ သတ်မှတ်ပြီးသွားလာလည်ပတ်ကြမှာလို့လည်း ဘုရားဖူးပြည်သူတချို့ကို MT News က မေးမြန်းမှုအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *