ဓားပြတိုက်ခံရသည့် ရဲမင်းအောင်ငွေလဲကောင်တာအား နိုဝင်ဘာ ၁၂ ရက်နေ့ညနေ လေးနာရီကျော်အချိန်တွင် တွေ့ရစဉ်

MT News

သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ ရဲမင်းအောင်ငွေလဲကောင်တာကို လူလေးဦးက သေနတ်ပစ်ဖောက်ပြီး နေ့ခင်း​ကြောင်တောင် ဓားပြတိုက်တဲ့ CCTV မြင်ကွင်းဖြစ်ပါတယ်။

ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်မှာ လူလေးဦးက သေနတ်ပြခြိမ်းခြောက်ပြီး ကျပ်သိန်း ၃၀၀ လုယူသွားတာပါ။

ဆိုင်မှာ မန်နေဂျာနဲ့ ဝန်ထမ်းလေးဦးရှိနေချိန်မှာ ကယ်လ်ဒီနာအဖြူရောင်ကားနဲ့ လူငါးဦးရောက်လာပြီး လေးယောက်ဆင်းလာကာ ဆိုင်အတွင်းဝင်ပြီး ပစ္စတိုသေနတ်နှစ်လက်ချိန်ရွယ်ပြီး ငွေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။

မန်နေဂျာက မပေးတာကြောင့် သေနတ်နဲ့ပစ်ပေမဲ့လည်း ကျည်ထွက်ခြင်းမရှိတာကြောင့် မထိခဲ့တာပါ။ လုယက်သူတွေက ကောင်တာမှန်ကိုခွဲပြီး ကျပ်သိန်း ၃၀၀ နဲ့

iPhone တစ်လုံးကိုလုယူပြီး သူတို့ပါလာတဲ့ ကားနဲ့ ပြန်လည်ထွက်ခွာသွားပြီး ဆိုင်မှပြန်အထွက်မှာ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနဲ့ ကျည် ၉ တောင့်ကျ ကျန်ခဲ့တယ်လို့ CCTV မှတ်တမ်းတင်ထားတဲ့ Zaw Win Tun အကောင့်ပိုင်ရှင်က ဖော်ပြထားပါတယ်။

MT News သတင်းဌာနအနေနဲ့ ကနဦးသတင်းဖော်ပြထားပြီးဖြစ်ပြီး အသေးစိတ်ဆက်လက်သိရှိအတည်ပြုဖို့ကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Movies Credit Zaw Win Tun

Leave a Reply

Your email address will not be published. Required fields are marked *