ပခန်းကြီးရဲစခန်းအတွင်းမှ သတင်းပေးချက်အရ ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့ဟု ရေစကြိုပကဖ ပြော

၁၅. ၁၀. ၂၀၂၃
Written by Nay Moe

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ရဲတပ်ကြပ်နှင့် ရဲသားကို ရေစကြို PDF ဖမ်းဆီးချိန် ခုခံပြီး ထွက်ပြေးသည်ဆိုကာ ရဲတပ်ကြပ်ကို သတ််ဖြတ်လိုက်သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၄ ရက် ညနေ ၃ နာရီခွဲအချိန်တွင် ပခန်းကြီးရဲစခန်းမှထွက်လာသော ရဲတပ်ကြပ်နိုင်လင်းနှင့်တပ်သားတစ်ဦးတို့အား ပခန်းကြီးစခန်းအတွင်းမှသတင်းပေးချက်အရ အသင့်စောင့်ဆိုင်းကာ ရေစကြို PDF က အရှင်ဖမ်းဆီးခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ပြန်လည်ခုခံသောကြောင့် ရဲတပ်ကြပ်နိုင်လင်းအား နေရာ၌ပင် ပစ်သတ်လိုက်ပြီး ကျန်ရဲသားမှာ ဒဏ်ရာများဖြင့်ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုဖြစ်တွင် ရဲတပ်ဖွဲ့ဝင်များမှာ လက်နက်ပါဝင်ခြင်းမရှိဘဲ ရဲတပ်ကြပ်နိုင်လင်းနှင့် ရဲ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံး၊ ဓားတစ်ချောင်းတို့ သိမ်းဆည်းရမိခဲ့ကာ ရဲတပ်ကြပ်နိုင်လင်းမှာ ကျည်ဆန်ထိမှန်ဒဏ်ရာများ ခန္ဓာကိုယ်အနှံ့တွေ့ရှိသေဆုံးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *