၁၃. ၁၀. ၂၀၂၃
Written by Nay Moe

ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး KNU/PDF များက မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းသူငယ် ၃ ဦး ဒဏ်ရာရကာ ကျောင်းသူငယ် ၁ ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၁၃ ရက်၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ် အချိန်ခန့်မှ စတင်ကာ KNU/PDF များမှ ကော့ကရိတ်မြို့ကို ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်ရာမှ ခလရ ၉၇၊ အမှတ် (၂)ရပ်ကွက်၊ အထက (ခွဲ)ဝင်းကြီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြို့ခံများက ပြောသည်။

This image has an empty alt attribute; its file name is photo_2023-10-13_16-40-31.jpg

KNU/PDF များ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲချိန်မှာ အ.ထ.က(ခွဲ) ဝင်းကြီး နေ့လည်ကျောင်းလွှတ်နေချိန်ဖြစ်၍ ကျောင်းသူ ကလေးငယ် ၄ ဦး ဗုံးစထိမှန်ခဲ့သည်။ ဗုံးဆံထိမှန်သူ ကျောင်းသူငယ် ၄ ဦးစလုံးမှာ ဆေးရုံသို့ရောက်ရှိသွားခဲ့ပြီး ဆေးရုံရောက်ချိန်တွင် ကျောင်းသူငယ်တစ်ဦးမှာ အသက်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“၉၇ ထဲကို နှစ်လုံးကျတယ်။ ဝင်းကြီးအထကခွဲထဲကို အကြီး တစ်လုံးကျတယ်။ လေးဦးဒါန်းစီးပြီး တစ်ဦးအနှုတ်ပြတယ်။ ပွဲဆက်ကနေတယ် ” ဟု လုံခြုံရေးတပ်ဖွဲနှင့်နီးစပ်သူတစ်ဦးက Facebook တွင် ကော့ကရိတ်မြို့ တိုက်ပွဲဖြစ်ပွားမှုကို ရေးသားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *