၁၃. ၁၀. ၂၀၂၃
Written by Pan Ei

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ အတွင်း Mickey Mouse၊ Cinderella၊ Pinocchio၊ Toy Story၊ Snow White and the Seven Dwarves၊ Alladin၊ Beauty and the Beast၊ Dumbo စတဲ့ နာမည်ကြီးကာတွန်းဇာတ်လမ်းပေါင်းများစွာကို ထုတ်လွှင့်ပေးခဲ့တဲ့ Walt Disney ဟာဆိုရင် တစ်ကမ္ဘာလုံးက ကလေး၊ လူကြီး မရွေး နှစ်သက်ကြတဲ့ မီဒီယာကုမ္ပဏီတစ်ခုဖြစ်ပြီး အဲ့ဒီနာမည်ကြီး ကာတွန်းဇာတ်ကောင်တွေဟာဆိုလည်း လူတော်တော်များများရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ တစ်စိတ်တစ်ဒေသအနေနဲ့ ပါဝင်နေတယ်ဆိုရင်လည်း မမှားပါဘူး။

မကြာခင်မှာ နှစ် ၁၀၀ ပြည့်မြောက်တော့မယ့် Disney ရဲ့ အထိမ်းအမှတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ Mickey Mouse ပုံကြမ်းတွေကနေ Cinderella ရဲ့ ဖန်ဖိနပ်တွေအထိ ခင်းကျင်းပြသထားတဲ့ ပြပွဲတစ်ခုကို လန်ဒန်မြို့မှာ ဒီနေ့ စတင် ဖွင့်လှစ်ထားတယ်လို့သိရပြီး “Disney 100: The Exhibition” လို့ အမည်ပေးထားတဲ့ အဲ့ဒီပြပွဲမှာ Disney ရဲ့ ကာတွန်းဇာတ်ကောင်တွေနဲ့ အထိမ်းအမှတ်ပစ္စည်းပေါင်း ၂၅o ကျော်ကို ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-13_15-54-56.jpg

“ရုပ်ရှင်ရုံမှာ လူအများစုရဲ့ ပထမဆုံးအတွေ့အကြုံက အများအားဖြင့် Disney ရုပ်ရှင်ဖြစ်ပြီး ကျွန်တော်တို့အားလုံးကို ကြီးမားတဲ့နည်းလမ်းနဲ့ ချိတ်ဆက်ပေးပါတယ်။ ဒီဇာတ်ကောင်တွေက နောက်ဆယ်စုနှစ်များစွာကြာတဲ့ထိတိုင်အောင် အစစ်အမှန်တည်ရှိနေနိုင်မှာပါ” လို့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကာတွန်းရုပ်ရှင် “Aladdin”ထဲက Genie ဇာတ်ကောင်နဲ့ တခြားသော ဇာတ်ကောင်အမျိုးမျိုးအတွက် ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Eric Goldberg က ပြောကြားခဲ့ပါတယ်။

၁၉၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်က Walt နဲ့ သူ့ရဲ့အစ်ကို Roy Disney တို့က နယူးယောက်ကာတွန်းဖြန့်ချိသူ Margaret Winkler နဲ့ စာချုပ်ချုပ်ဆိုကာ Walt Disney ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ခုလ ၁၆ ရက်ဆိုရင် Disney က နှစ်ပေါင်း ၁၀၀ ပြည့်တော့မှာပဲဖြစ်ပါတယ်။ လန်ဒန်မှာ ခုလက်ရှိဖွင့်လှစ်ထားတဲ့ Disney စတင်တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုပြပွဲလိုမျိုးကို နောက်လထဲ ချီကာဂိုမှာ ဖွင့်လှစ်သွားဦးမယ်လို့လည်း သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *