၁၃. ၁၀. ၂၀၂၃

Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် အဝေးပြေးယာဥ်ပေါ်လိုက်ပါလာသည့် ကိုယ်ဝန်သည်နှင့်အမျိုးသမီးငယ်ထံမှ ကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၇ ရက် ည ၁၀ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် ခရီးသည်တင် Express မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါ ခရီးသည် မထူးမြတ်နေသွယ် နှင့် နှင်းဝေဖြိုးတို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဒေသကာလတန်ဖိုးငွေ ကျပ် ၁ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၀ ဒသမ ၁၇ ကီလို သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *