၃၀.၉.၂၀၂၃

Written By Thandar

ဂန္တဝင်တေးရေးဆရာကြီး ကိုနေဝင်းရဲ့ အသက် ၇၃ ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ ဒီနေ့ စက်တင်ဘာ ၃၀ မှာ “ကဗျာတစ်ပုဒ်ရဲ့အလွမ်း” Album ထွက်ရှိမှာဖြစ်ပါတယ်။

“ဒီသီချင်းခွေမှာ တေးရေးကိုနေဝင်း ရေးပြီး ကိုနေဝင်း ကိုယ်တိုင်ဆိုထားတဲ့ သီချင်းကောင်းလေးတွေပါ။ ကိုနေဝင်းကို ချစ်တဲ့သူတွေအနေနဲ့ မဖြစ်မနေ ဝယ်ယူအားပေးသင့်တဲ့ Album လေးပါ။ မြန်မာလို ၁၀ ပုဒ်ရယ်။ အင်္ဂလိပ်လို ၂ ပုဒ်ပါ။ တေးရေး ကိုနေဝင်း မွေးနေ့အမှတ်တရအနေနဲ့ CD ကို Bagan Zay ကဖြန့်တာပါ”လို့ အဆိုပါခွေ တာဝန်ရှိသူကပြောပါတယ်။

ပါဝင်တဲ့ တေးသီချင်းတွေကတော့ စောင်းခတ်သံ၊ နောက်ဆုတ် နောက်ဆုံး၊ မဆိုချင်တဲ့ အလွမ်းတေးတစ်ပုဒ်၊ ဒီတစ်ခါ ကျောင်းတွေဖွင့်ရင်၊ မခေါ်မကောင်း ခေါ်မကောင်း၊ ကဗျာတစ်ပုဒ်ရဲ့ အလွမ်း၊ ဆောင်တော်ကူးပန်းလေးတွေ ပွင့်တဲ့အခါ၊ ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်၊ စက်ဝိုင်းရဲ့ ဖြစ်စဉ်၊ လိုတရ လွယ်အိတ်လေး၊ Last Dream နဲ့ So Late သီချင်း ၁၂ ပုဒ်ပါဝင်တာလည်းဖြစ်ပါတယ်။

“က​ဗျာတစ်ပုဒ်ရဲ့ အလွမ်း” ကို တေးရေးဆရာ ကိုမြင့်မိုးအောင်ရဲ့ Tribute Records က Produced ပြုလုပ်တာဖြစ်ပြီး CD တစ်ချပ်ကို ကျပ် ၁၅၀၀၀ နဲ့ Bagan Zay ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *