၃၀. ၉. ၂၀၂၃
Written by Nyein Kyaw

ကျပ် ၅၀ တန်နှင့် ကျပ် ၁၀၀ တန် ငွေစက္ကူများကို စက်တင်ဘာလ ၂၉ ရက်မှစ၍ တရားဝင်ငွေအဖြစ်မှရပ်စဲပြီး ရုပ်သိမ်းခြင်းမည်ဆိုသည့် အမိန့်ကြော်ငြာစာများမှာ သတင်းအတု၊ သတင်းအမှားသာဖြစ်ပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ဗဟိုဘဏ်မှ ဆက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့တွင် အသိပေးသည်။

“အထက်ပါထုတ်ပြန်ချက် အမိန့်ကြော်ငြာစာများမှာ သတင်းအတု၊ သတင်းအမှားများသာဖြစ်ပါတယ်။ ၎င်းကိစ္စနဲ့ပတ် သက်၍ ဗဟိုဘဏ်မှလည်း ဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ထုတ်ပြန်စာအတုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အတွင်း စီးပွားရေးနှင့် ငွေကြေးဈေးကွက်တည်ငြိမ်စေရေးနှင့် ဘဏ်လုပ်ငန်းများ၏ လုံခြုံရေးခိုင်မာစေရေးတို့ကို ရှေးရှု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေထားသော ငါးဆယ်ကျပ်တန်နှင့် တစ်ရာကျပ်တန် ငွေစက္ကူအားလုံးကို စက်တင်ဘာလ ၂၉ ရက်မှစ၍ ရုပ်သိမ်းလိုက်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ရုပ်သိမ်းကြောင်းကြေညာထားသော ငွေစက္ကူများကို ဗဟိုဘဏ်သို့ အစိုးရ၏လမ်းညွှန်းချက်များနှင့်အညီ လာရောက်အပ်နှံကြရန်ဖြစ်ပြီး လက်ဝယ်ထားရှိလျှင်ဖြစ်စေ၊ အသုံးပြုလျှင်ဖြစ်စေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပ‌ဒေအရ ထိရောက်စွာအရေးယူမည်ဟု ဖော်ပြထားခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News