MT News

Written By Thandar

KS Collection Wedding Planner နဲ့ Espace by Aureum တို့ ပူးပေါင်းပြသမယ့် မင်္ဂလာမောင်နှံတွေအတွက် Love’s Symphony Aureum Destination Weddings Show ပွဲကို လာမယ့် အောက်တိုဘာ ၇ ရက် နဲ့ ၈ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

“ဒီပွဲမှာဆိုရင် မင်္ဂလာဆောင် ၀န်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး အထူးလျှော့ဈေးတွေ ပါဝင်မှာမို့လို့ လာရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်” လို့ KS Collection Wedding Planner တည်ထောင်သူ အန်တီငယ်က ပြောပါတယ်။

အဆိုပါပွဲရဲ့ ထူးခြားမှုတွေနဲ့အတူ KS Collection Wedding Planner က ၁၅ ရာခိုင်နှုန်း အထူးလျော့ဈေးနဲ့ Floral Decoration၊ Wedding Package စတာတွေ နာမည်ကျော်မိတ်ကပ်ပညာရှင် Vivian Aung နဲ့ စည်သူထွဋ်တို့က Up to 50% အထိ အထူး Promotion တွေ၊ မင်္ဂလာမောင်နှံ‌တွေအတွက် ပြင်ဦးလွင်၊ ငွေဆောင်၊ ပုပ္ပါး၊ ပုဂံ၊ နေပြည်တော် Honey Moon Package တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *