၂၉. ၉. ၂၀၂၃
Written by Nyein Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တက်ရောက်သည့် နိုင်ငံခြားသားဧည့်သည် တစ်ဦးလျှင် ဧည့်ဝင်ကြေး ကျပ် ၂၀,၀၀၀ ဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ ပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ယနေ့တွင် အသိပေးကြေညာထားသည်။

လက်ရှိတွင် ‌ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တက်ရောက်သည့် နိုင်ငံခြားသားဧည့်သည် တစ်ဦးလျှင် ဧည့်ဝင်ကြေး ၁၀,၀၀၀ ကျပ်သာ ကောက်ခံနေခြင်းဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှစ၍ နှစ်ဆတိုးမြင့် ကောက်ခံသွားမည်ဖြစ်သည်။

“ဟုတ်ပါတယ်။ အောက်တိုဘာ ၁ ရက်ကနေစပြီး ၂၀,၀၀၀ ကောက်ပါမယ်။ အခုကောက်ခံနေတာက တစ်ဦးကို ၁၀,၀၀၀ နှုန်းနဲ့ပါ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် ခြောက်ဆတိုးတက်ခဲ့ပြီး မကြာမီကာလတွင် မြန်မာ့ခရီးသွားလုပ်ငန်း ကိုဗစ်-၁၉ မတိုင်မီအခြေအနေကို ပြန်လည်ရောက်ရှိမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *