ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းမီးလောင်မှု မြင်ကွင်း

၂၉. ၉. ၂၀၂၃
Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ အင်းယားမြိုင်လမ်းမှာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွား​ပြီး အသက်ကြီးပိုင်း အမျိုးသမီးကြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိ ၁၁ နာရီ မိနစ် ၅၀ ဝန်းကျင်အချိန်ထိ မီးကြွင်းမီးကျန် ငြှိမ်းသတ်နေရဆဲဖြစ်တယ်လို့ စမ်းချောင်းမီးသတ်တပ်ဖွဲ့ကို စုံစမ်းမေးမြန်းချက်အရ သိရပါတယ်။

“လတ်တလော သိထားရတာတော့ သက်ကြီးပိုင်း အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦးနဲ့ အသက် ၅၀ ကျော် အမျိုးသမီး တစ်ဦး သေဆုံးတယ်။ မီးခိုးမွှန် အသက်ရှူကျပ်ပြီး အောက်စီဂျင်ပြတ်တောက်တာပါ။ အခုထိ မီးကြွင်းမီးကျန် ငြှိမ်းသတ်ဆဲမို့ ကျန်တာတွေတော့ မသိရှိရသေးပါဘူး ခင်ဗျာ”လို့ စမ်းချောင်းမီးသတ်စခန်းမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားပါတယ်။

အဆိုပါမီးလောင်မှုကို အနောက်ပိုင်းခရိုင်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊ လှိုင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *