၂၉. ၉. ၂၀၂၃
Written by Naing Thuta

ချောက်မြို့နယ်အတွင်း ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စလေရုပ်စုံကျောင်း မိုးကြိုးစက်ကွင်းထိမှန်ခဲ့ပြီး ကျပ် ၆၅ သိန်းကျော်ဖိုး ပျက်စီးဆုံးရှူံးသွားကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန(စလေဌာနခွဲ)မှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင် ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၂၈ ရက်) မနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောက်မြို့နယ်၊ စလေမြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့မရပ်ရှိ စလေရုပ်စုံကျောင်းအား မိုးကြိုးစက်ကွင်းထိမှန်ခဲ့သည်။

မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် စလေရုပ်စုံ ကျောင်းဆောင်ပင်မကြီး၏ အောက်ထပ်တိုင် ၂ လုံး တန်ဖိုးသိန်း ၃၀ ကျပ်၊ ပြဿဒ်ဆောင်တောင်ဘက်ခြမ်းလက်ရန်းနှင့်တိုင် ၁ လုံး တန်ဖိုး ၁၇ သိန်းကျပ်၊ ပြဿဒ်အရှေ့မြောက်ဘက်ရှိ လက်ရန်းတိုင် ၁ လုံး တန်ဖိုး ၁၅ သိန်းကျပ်၊ ရှေ့မျက်နှာစာပန်းပုရုပ်ပန်းတန်း ၁ ခု တန်ဖိုး ၂ သိန်းကျပ်၊ လှေကားအတက်ပန်းအိုးတိုင်ကွန်ကရစ် ၁ ခု တန်ဖိုး ၅ သောင်းကျပ်၊ ဂုံးဆောင်အဝင်ပေါက် တိုင် ၁ လုံး တန်ဖိုး ၁ သိန်းကျပ်၊ စုစုပေါင်းကာလတန်ဖိုး ကျပ် ၆၅၅၀၀၀၀ ဖိုးခန့် ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *