Photo - Carabao & Man City

၂၈.၉. ၂၀၂၃

Written by Thettant

အက်စတွန်ဗီလာ ၁ – ၂ အဲဗာတန်

ဘလက်ဘန်း ၅ – ၂ ကာဒစ်ဖ်

ဘုန်းမောက် ၂ – ၀ စတုတ်စီးတီး

ဘရန့်ဖို့ဒ် ဝ – ၁ အာဆင်နယ်

ချယ်လ်ဆီး ၁ – ၀ ဘရိုက်တန်

ဖူလ်ဟမ် ၂ – ၁ နောဝစ်ချ်

လင်ကွန်း ဝ – ၁ ဝက်စ်ဟမ်း

လီဗာပူးလ် ၃ – ၁ လက်စတာ

နယူးကာဆယ် ၁ – ၀ မန်စီးတီး

◾ အသင်းကြီးအနိုင်ယူနိုင်ခဲ့ကြတဲ့ ခရာဘောင်းဖလား တတိယအဆင့်ပွဲစဥ်တွေမှာ မန်စီးတီးတို့ကတော့ ငှက်ကျားအိမ်ကွင်းမှာ ဒူးထောက်ခစားခဲ့ရပြီး နှစ်နှစ်ဆက် တတိယအဆင့်ကနေ နှုတ်ဆက်ခဲ့ရပါတယ်။ မနှစ်ကလည်း ခရာဘောင်းဖလားမှာ တတိယအဆင့်ကထွက်ပြီး ဖလားသုံးလုံးယူခဲ့တာလို့ ပြောပေမဲ့လည်း အရှုံးကအရှုံးဖြစ်ပြီး မနှစ်ကလို ဖလားသုံးလုံးရမယ်လို့လည်း တပ်အပ်ပြောနိုင်သူမရှိပါဘူး။ ခရာဘောင်းဖလားဟာ အရေးထားမခံရဘူးဆိုပေမဲ့လည်း အရန်ချင်းအပြိုင်နွှဲရာမှာ ပိုကောင်းတဲ့အသင်းက နိုင်သွားခဲ့တာဖြစ်ပြီး မန်စီးတီးတို့ အရှုံးနဲ့ နှုတ်ဆက်ရတဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ အီဆက်ခ်က ဒုတိယပိုင်း ၅၃ မိနစ်မှာ သွင်းပေးခဲ့တာပါ။

◾ လက်စတာဟာ ကြိုးကြာတွေကို အဝေးကွင်းမှာ နှုတ်သီးရိုက်ချိုးဖို့ ကြိုးပမ်းလာခဲ့ပြီး ပထမပိုင်း ၃ မိနစ်မှာ မက်ခ်တီးယားရဲ့ လှလှပပသွင်းဂိုးနဲ့ လီဗာပူးလ်နောက်ခံလူ သုံးယောက်ကြားကကျော်ဖြတ်ပြီး ဂိုးသွင်းခဲ့တာပါ။ ပထမပိုင်းတစ်ခုလုံးမှာ လက်စတာဟာ ဂိုးသွင်းခွင့်တွေအကြိမ်ကြိမ်ရခဲ့သလို လီဗာပူးလ်တိုက်စစ်ကို အကောင်းဆုံးဟန့်တားနိုင်ပေမဲ့လည်း ဂတ်ပို၊ ဆိုဘိုဆလိုင်းနဲ့ ဂျိုတာတို့ရဲ့သွင်းဂိုးတွေကို ၄၈ မိနစ်၊ မိနစ် ၇၀ နဲ့ ၈၉ မိနစ်မှာ ခွင့်ပြုခဲ့ရပြီးတဲ့နောက်မှာတော့ ခရာဘောင်းဖလားကို တတိယအဆင့်ကပဲ နှုတ်ဆက်လိုက်ရပါတယ်။ လီဗာပူးတို့ ဒီနေ့ရခဲ့တဲ့ သုံးဂိုးစလုံးဟာ အဆင့်မြင့်မြင့် ခက်ခက်ခဲခဲသွင်းယူခဲ့တာလို့ ပြောရမှာဖြစ်သလို ခရာဘောင်ဖလားကို အရေးထားမှုလည်း မြင်ရပြီး ဆိုဘိုဆလိုင်းရဲ့ ၁၈ ကိုက်စည်းအပြင်ဘက်ကနေ ဂိုးသမားညာဘက်ဘားတန်းအောက်ခြေထိအောင်ကန်ပြီး သွင်းယူသွားတဲ့အလုံးကတော့ တော်တော့ကို လှပတဲ့ကန်ချက်လို့ ပြောရမှာပါ။

Photo – Carabao & Man City

Leave a Reply

Your email address will not be published. Required fields are marked *