၂၆.၉.၂၀၂၃
Written By Thandar

ဗီယက်နမ်နိုင်ငံမှာ ကျင်းပမယ့် Miss Grand International 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု Miss Grand Myanmar 2023 အလှမယ် နီနီလင်းအိမ်က ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်သလို လူတိုင်းမျှော်မှန်းကြတဲ့ Crown ကို လိုချင်ပါတယ်လို့ဖွင့်ဟလာပါတယ်။

“International Winner ဖြစ်ဖို့က အရမ်းကိုခက်တယ်။ နီနီ ပြိုင်ပွဲကြီးအတွက် အရမ်းကို ကြိုးစားနေပါတယ်။ ဒါပေမယ့် မကြောက်ဖူးပေါ့။ အနောက်မှာ မမမီးမီး(ခ) အိအိအောင်ထွန်း ရှိတယ်။ National Director ဆရာထူးအံ့လွင်တို့ ရှိနေတယ်။အနောက်က ဆက်တိုက်လိုက်မှာဆိုတော့ ဖြစ်နိုင်ရင်တော့ Crown လိုချင်ပါတယ်။ ပြိုင်ပွဲပြိုင်ပြီးဆိုရင် လူတိုင်းကတော့ အမြင့်ဆုံး Winner Crown ကိုလိုချင်တယ်။ နီနီအစွမ်းကုန် အားထည့်ပြိုင်မှာပါ။ လူတိုင်းက Crown မျှော်မှန်းကြတာမို့ Crown ကိုတော့ လိုချင်ပါတယ်”လို့ Miss Grand Myanmar 2023 အလှမယ် နီနီ လင်းအိမ်က ပြောပါတယ်။

လာမယ့် အောက်တိုဘာလအတွင်း ဗီယက်နမ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Grand International 2023 ပြိုင်ပွဲကြီးမှာ အာဆီယံနိုင်ငံတွေက အလှမယ်တွေဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ စပိန်၊ ကနေဒါ၊ Panama, Guatemala စတဲ့ သူတွေ ဝင်ရောက်ယှဥ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

“နိုင်ငံတကာမှာ ချပြပေးနိုင်မယ့် အရည်အချင်းတွေရှိအောင် ကြိုးစားနေပါတယ်။ ကိုယ်တွေက မြန်မာလူမျိုးဖြစ်တဲ့အတွက် Speaking ပိုင်း အားနည်းတယ်။ ဒီ့အတွက်လည်း အကောင်းဆုံး ကြိုးစားနေပါတယ်။ Catwalk Skill, National Costume တွေလည်း အကောင်းဆုံးပြင်ဆင်နေတယ်။ အရာရာကို ပြည့်စုံအောင်တော့ အကောင်းဆုံး ပြင်ဆင်မှုတွေလုပ်နေပါတယ်” လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *